LG Electronics celebrated “LG Day” with Myanmar’s famous magician “the Joker” in Yangon and Mandalay last weekend
Last weekend, April 1st and 2nd, between 2pm and 4pm, electronics and magic met in Yangon and Mandalay.
YANGON, April 3, 2017 – Do you remember how you felt when you first experienced a phone conversation? Or what you thought the first time you saw a light bulb light up? In a sense, cutting-edge innovations carry some magic in the eyes of the people experiencing it. Indeed, magic tricks and innovative devices result from the same complex recipe, they both need great skills, compelling esthetics and a little bit of surprise. Magicians and engineers are highly skilled and creative people who dare think that anything can be made possible.
LG Electronics stands as a brand dedicated to making cutting-edge innovation accessible to all. On the coming weekend, the consumer electronics brand is partnering with famous Myanmar magician “The Joker” to let young and old alike, discover the unique match between innovation and magic.
The Joker performed a unique show using LG’s “Mosquito Away” technology. “It is the first time I am showing this very special show and I am so excited seeing their interested look on the people’s faces when I started! ” the Joker said.
This special event took place as the company was celebrating the “LG day” in Myanmar’s two biggest cities. Customers had the opportunity to receive special gifts when purchasing LG products. LG Electronics also put together a “Grand Lucky Draw Program” where lucky visitors will get a chance to win a LG 65” UHD LED TV, a LG 2-Doors Refrigerator, a LG Washing Machine and many other mobile and home electronic devices.

 

LG Electronics က LG Day ကို မြန်မာ့ နာမည်ကြီး မျက်လှည့် ပညာရှင် Joker ၏ တင်ဆက်မှုဖြင့် ရန်ကုန်နှင့်မန္တလေးတို့၌ ကျင်းပခဲ့

 

ဧပြီလ ၁ရက်နှင့်၂ရက်နေ့ နေ့လယ်၂ နာရီမှ ၄ နာရီအထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ လျှပ်စစ်ပစ္စည်းများနှင့် မျက်လှည့်တို့ ဆုံတွေ့ခဲ့ကြသည်။

 

၂၀၁၇ ခုနှစ်၊ ဧပြီလ ၃­ရက်၊ ရန်ကုန်။ ။ မိမိဘဝတွင် ပထမဦးဆုံးဖုန်းပြောရသော အတွေ့အကြုံကို မှတ်မိပါသလား။ ဒါမှမဟုတ် ကိုယ်တစ်ခါမှမတွေ့ဖူးတဲ့ ဖန်တီးမှုအသစ်တစ်ခုကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့ရသောအခါမှာဆိုရင်ရော။ ။ တီထွင်ဆန်းသစ်မှုများကို ဦးစွာမြင်တွေ့ ရသည့်အခါလူတို့၏စိတ်တွင် မျက်လှည့်ပြလိုက်သကဲ့သို့ ခံစားရတတ်သည်။ အမှန်တကယ်လည်း မျက်လှည့် ပြကွက်နှင့် ဆန်းသစ်ပစ္စည်းများ ဖန်တီးရသည့် သဘောသဘာဝမှာအတူတူပင်ဖြစ်သည်။ နှစ်မျိုးစလုံးသည် တတ်ကျွမ်းမှုစွမ်းရည်၊ အနုပညာမြောက်သည့် ဆွဲဆောင်မှုနှင့် အံ့သြဖွယ်ရာများ ပါဝင်ရန်လိုအပ်လှသည်။ မျက်လှည့်ဆရာများနှင့် အင်ဂျင်နီယာတို့သည် အလွန်စွမ်းရည်ပြည့်ဝကာ တီထွင်ဖန်တီးမှုအားကောင်းပြီး မည်သည့်အရာမဆို ဖြစ်နိုင်သည်ဟု တွေးရဲကြသူများလည်းဖြစ်သည်။

 

LG Electronics သည် လူသားအားလုံးအတွက် နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုများကို တစိုက်မတ်မတ် ပြုလုပ်နေသည့် အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ LG သည် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့ ၁ရက်နေ့နှင့် ၂ရက်နေ့ တို့တွင် မြန်မာနိုင်ငံ၏ နာမည်ကျော်မျက်လှည့်ပညာရှင် Joker နှင့်အတူ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက် စေမည့် နည်းပညာနှင့် မျက်လှည့်ကို ပေါင်းစပ်ကာ ထူးခြားသည့် ပြကွက်များဖြင့် ဖျော်ဖြေပေးခဲ့သည်။

 

Joker သည် LG ၏ ခြင်ပြေးနည်းပညာကို အသုံးပြု၍ ထူးခြားသော တင်ဆက်မှုများကို ပြုလုပ်သွားခဲ့သည်။ “ကျွန်တော့်အတွက် အခုလိုထူးထူးခြားခြားတင်ဆက်မှုကို ပြုလုပ်ခွင့်ရတာ ဒါပထမဆုံးအကြိမ်ပါ။ ကျွန်တော် တင်ဆက်တဲ့ ပြကွက်တွေမှာ လူတွေစိတ်ဝင်စားကြတာကို တွေ့ခဲ့ရတဲ့အတွက် ကျေနပ်မိပါတယ်။” ဟု Joker က ဆိုသည်။

 

LG ကုမ္ပဏီ၏ အဆိုပါအထူးအစီအစဉ်သည် LG Day အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သော ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ထို့အပြင် LG ထုတ်ကုန်များကို ၀ယ်ယူအားပေးသူများ အား အထူးလက်ဆောင်များ ပေးအပ်ခဲ့ပြီး LG Electronics မှ အထူးကံစမ်းမဲအစီအစဉ်တစ်ရပ်အနေနှင့် LG ၆၅ လက်မ UHD LED တီဗွီ၊ LG တံခါးနှစ်ပေါက်ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နှင့် အခြားအိမ်သုံးကုန် လျှပ်စစ်ပစ္စည်းများအပြင် LG ဖုန်းများကိုလည်း မဲဖောက် ချီးမြှင့်ပေးခဲ့သည်။

LG day အစီအစဉ်ကို ဧပြီလ ၁ရက်နေ့ စနေနေ့တွင် မန္တလေးမြို့ရှိ LG အရောင်းပြခန်း (၂၇လမ်းနှင့် ၈၂လမ်းထောင့်) တွင် ကျင်းပခဲ့ပြီး ရန်ကုန်မြို့ LG ချစ်သူများအတွက်လည်း ဧပြီလ ၂ရက်နေ့ တနင်္ဂနွေနေ့တွင် ကမ္ဘာအေး၊ ပန်းဆိုးတန်း၊ ဆူးလေ နှင့် မြန်မာပလာဇာမှ LG အရောင်းပြခန်းများတွင် အခမ်းအနားများစွာဖြင့် ကျင်းပပေးသွားခဲ့သည်။

မျက်လှည့်ပညာရှင် Joker ၏ အံ့မခန်းဖျော်ဖြေတင်ဆက်မှုများကို စိတ်ဝင်စားသူများသည် စနေနေ့တွင် မန္တလေးမြို့ရှိ LG အရောင်းပြခန်းတွင်လည်းကောင်း၊ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ရှိ LG Premium အရောင်းပြခန်း (ကမ္ဘာအေး) တွင်လည်းကောင်း နေ့လယ် ၂နာရီမှ ၄နာရီအထိ ဖျော်ဖြေတင်ဆက်မှုများကို စိတ်ဝင်တစား ကြည်ရှု့အားပေးခဲ့ကြသည်။

မီဒီယာများအနေဖြင့် ထပ်မံသိရှိလိုသည်များရှိပါက ဆက်သွယ်ရန်

 

ဒေါ်ဝင်းမင်းစိုး

PR & IMC Manager

ဖုန်း – +95 9 254 111 904

အီးမေးလ် – winmin@veropr.com

 

ဒေါ်စုမြတ်ရတနာ

PR & IMC Executive

ဖုန်း – +95 9 505 3686

အီးမေးလ် – sumyat@veropr.com

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *