YANGON, Myanmar, 30 May 2017 – LG Electronics Myanmar celebrated “LG’s Valuable Night”
on Tuesday at Melia hotel together with its partners, B2B clients and wholesale customers. The
global electronics brand presented its new products for 2017 and shared its vision for the coming
year.


Since its arrival in 2003, LG Electronics has taken pride in bringing unique value to the Myanmar
consumer electronics and home appliances market. Through innovation and a forward-thinking
philosophy, LG Electronics aims at improving Myanmar people’s daily lives thanks to technology.
“Myanmar is a very special market and has amazing potential. Yangon’s growing middle class is
more than ever ready for home and consumer electronics, and mentalities are adopting technology
faster than anywhere else in the world,” said LG Electronics’ MD, Mr. Park at the event.
Mr. Park outlined the company’s vision for the year: Positioning value for Myanmar people in the
center of everything LG Electronics does.
Bringing Value through Myanmar-friendly technologies
The brand unveiled a new portfolio of cutting edge technologies for Myanmar. Among other
products, smart refrigerators and washing machines as well as breath-taking new OLED TVs and
an autonomous cleaning robot caught the audience attention.
Mr. Park insisted on the brand’s mission to bring valuable solutions to all: “If our cutting-edge
technologies benefit people that have a taste for excellence, I believe that all type of buyers should
be equipped with unique, custom made and Myanmar-focused technologies”. Mosquito Away TVs
and Air-conditioners are a token of the brand’s commitment in making its products adapted to the
Myanmar market.
Mr. Paul Park also indicated that all their home electronics and appliances in Myanmar were now
equipped with the company’s Inverter Technology, protecting devices from power fluctuations while
helping households save energy.
“As energy prices are expected to go higher and power fluctuations to be more frequent, we trust
that making our inverter technology available across all our devices should be a priority for
Myanmar”. told Mr. Park to the audience.
Creating Value through wider business networks and CSR commitment
Myanmar’s great leap forward demands that brands continually re-invent themselves. Unlike most
countries, Myanmar is in constant change. According to the World Bank, the country’s GDP and
GNI per capita have doubled since 2010.
In times of dynamic development, LG Electronics understands that customer demands should be
looked upon consistently. For that matter, the brand decided to grow its teams in Myanmar with
qualified local expertise. The aim being to develop a more pro-active approach to their B2B
customers while building a sharp understanding of the market’s dynamics.
On a broader level, being a leading actor in Myanmar’s business landscape, the Korean brand also
trusts it should start developing valuable programs for people needing it the most.
2
“As a foreign company based in Myanmar, we believe that giving back and participating in the
country’s healthy development is nothing less than a duty. The challenge lies in the development
of sustainable initiatives that have a lasting and positive impact.” Insisted Mr. Park.
Mr. Park told the audience that LG Electronics was teaming up with hospitals through-out the
country, helping them protect their patients thanks to Mosquito-Away technology. According to the
Department of Medical Services’ latest census, there are a little over 6,000 hospitals in Myanmar
today. These facilities host people in times where they are the most vulnerable to mosquito-borne
diseases. As LG Electronics’ Mosquito Away technology has proven to be a non-toxic and efficient
way to reduce exposure to mosquito bites, the brand has reached out to a number of institutions in
and outside of Yangon to give them access to its TVs and Air-conditioners equipped with Mosquito
Away technology.
Sustainable value should be developed with an eye on the future. The LG Electronics teams have
therefore started building an LG Academy where students will have the opportunity to broaden and
sharpen their abilities with Korean expertise in different type of skills.
” In our efforts to adapt to Myanmar we hope to see more and more local expertise weighting in our
business decisions”. Said Mr. Park at the event. The LG Academy will accept students from
universities across the country and should open in the coming months.
The LG Electronics team trusts that these values will help build a healthy industry ecosystem and
is proud to count on the support from its partners in Myanmar for that matter.

About LG Electronics, Inc.
LG Electronics, Inc. (KSE: 066570.KS) is a global leader and technology innovator in consumer
electronics, mobile communications and home appliances. With 117 operations around the world,
LG achieved global sales of USD 47.92 billion (KRW 55.37 trillion) in 2016. LG comprises four
business units – Home Appliance & Air Solutions, Home Entertainment, Mobile Communications,
Vehicle Components – and is one of the world’s leading producers of flat panel TVs, mobile devices,
air conditioners, washing machines and refrigerators. For more news and information on LG
Electronics, please visit www.LGnewsroom.com

 

မြန်မာပြည်မှ LG အားပေးသူများအတွက်ကောင်းမွန်သော အကျိုးမြတ်များဖော်ဆောင်ပေးသည့် ရည်မှန်းချက်များကိုတင်ပြရင်း LG Valuable Night ကို ကျင်းပခဲ့သည်

 

၂၀၁၇ ခုနှစ်၊ မေလ ၃၀ ရက်၊ ရန်ကုန်။ ။ LG အီလက်ထရောနစ်မြန်မာမှ လုပ်ဖော်ကိုင်ဖက်များ၊ လုပ်ငန်းရှင်များ လက်ကားရောင်းဝယ်သူများနှင့်အတူ “LG’s Valuable Night” ကို မီလီယာဟိုတယ် (Melia Hotel) အင်္ဂါနေ့တွင် ကျင်းပ ခဲ့သည်။ ကမ္ဘာ့အီလက်ထရောနစ် brand LG သည် အဆိုပါပွဲတွင် ၂၀၁၇ ခုနှစ်ထုတ်ကုန်ပစ္စည်းအသစ်များကို မိတ်ဆက်ပေး ခဲ့ပြီး လာမည့်နှစ်အတွက် ရည်မှန်းချက်များကိုပါ တင်ပြခဲ့သည်။
LG အီလက်ထရောနစ်သည် ၂၀၀၃ခုနှစ် စတင်ရောက်ရှိခဲ့သည့်အချိန်မှစ၍ မြန်မာအီလက်ထရောနစ်ဈေးကွက်နှင့် အိမ်သုံး လျှပ်စစ်ပစ္စည်းဈေးကွက်အတွက် တမူထူးခြားသော ဆန်းသစ်မှုများပံ့ပိုးပေးနိုင်သည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူ မိပါသည်။ LG Electronics သည် ခေတ်မီနည်းပညာများနှင့် မျှော်မြင်တွေးခေါ်နိုင်စွမ်းများကိုပေါင်းစည်းပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ နေ့စဉ်လူနေမှုဘဝအဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်ကြံဆောင်လျက်ရှိသည်။
“မြန်မာနိုင်ငံဟာ အံသြဖွယ်ကောင်းလောက်တဲ့ အလားအလာကောင်းတွေအများကြီးရှိပြီး ထူးခြားတဲ့ဈေးကွက်တစ်ခုပါ။ ရန်ကုန်မြို့မှာ ပိုမိုများပြားလာတဲ့ လူလတ်တန်းစားတွေက အိမ်သုံးကုန်လျှပ်စစ်ပစ္စည်းတွေကို ယခင်ကထက် ပိုမိုသုံးစွဲလာ နိုင်ပြီး နည်းပညာပေါ်အသုံးချလာနိုင်မှုဟာလည်း အခြားနိုင်ငံတွေထက်စာရင် ပိုမိုမြန်ဆန်နေပါတယ်။” ဟု LG အီလက်ထရောနစ်မှ မန်းနေဂျင်း ဒါရိုက်တာ Mr. Park က ပွဲတွင်ပြောကြားခဲ့သည်။
ဆက်လက်၍ Mr. Park မှ “ကုမ္ပဏီရဲ့ ဒီနှစ်ရည်ရွယ်ချက်ကတော့ LG အီလက်ထရောနစ်ရဲ့လုပ်ဆောင်ချက်တိုင်းဟာ မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် အကျိုးအမြတ်များဖြစ်ထွန်းစေရမယ်။” ဟုပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် အထူးသင့်လျော်သည့် နည်းပညာများ အသုံးပြုခြင်းဖြင့် အကျိုးဖြစ်ထွန်းစေခြင်း
နောက်ဆုံးပေါ်နည်းပညာများဖြင့်ပြုလုပ်ထားသောကုန်ပစ္စည်းများကို LG မှ မြန်မာနိုင်ငံအတွက် မိတ်ဆက်ခဲ့သည်။ အဆိုပါ ပစ္စည်းများအနက် စမတ်ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်နှင့် အံသြမင်သက်ဖွယ် OLED တီဗွီများနှင့် အလိုအလျောက် သန့်ရှင်းရေးပြုလုပ်ပေးသည့် စက်ရုပ်များသည် သုံးစွဲသူများ၏စိတ်အာရုံကိုအထူးဖမ်းစားခဲ့သည်။
Mr. Park က “LG brand ၏ လုပ်ဆောင်ချက်တိုင်းသည် အကျိုးမြတ်များဖြစ်ထွန်းစေရမည်ဆိုတဲ့စကားနဲ့အညီ အရည်အသွေး အကောင်းဆုံးပစ္စည်းတွေကိုမှကြိုက်တဲ့သူတွေအတွက် ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ်နည်းပညာတွေက ကျေနပ်မှုပေးစွမ်း နိုင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက်ကိုက်ညီဖို့ သီးသန့်အထူးပြုထုတ်လုပ်ထားပြီး သူမတူနည်းပညာတွေနဲ့ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေကို ပစ္စည်းနည်းနည်းပဲ ဝယ်ယူလိုသူတွေအနေနဲ့ သုံးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။” ဟု ပြောကြား ခဲ့သည်။ ခြင်ပြေးတီဗွီနှင့် အဲယားကွန်းများသည် LG brand မှ မြန်မာနိုင်ငံ၏ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီမှုရှိရန် အထူးပြုလုပ်ထားသောပစ္စည်းများဖြစ်သည့်အတွက် LG ၏ ကြိုးစားအားထုတ်မှုကို သက်သေပြလျက်ရှိသည်။
မြန်မာနိုင်ငံမှ အိမ်အသုံးအဆောင်လျှပ်စစ်ပစ္စည်းများတွင် အင်ဗာတာနည်းပညာတပ်ဆင်ထားခြင်းဖြစ်ကြောင်း Mr. Paul Park မှ ပြောကြားခဲ့သည်။ အဆိုပါအင်ဗာတာနည်းပညာသည် လျှပ်စစ်မတည်ငြိမ်ဖြစ်မှုများမှကာကွယ်ပေးပြီး စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးသည်။
“မီတာခတွေထပ်မံမြင့်တက်လာဖို့ရှိပြီး မီးအားမငြိမ်သက်မှုတွေလည်း ပိုမိုများပြားလာနိုင်တာမို့ အင်ဗာတာနည်းပညာကို LG ထုတ်ကုန်တိုင်းမှာ ထည့်သွင်းထားခြင်းဟာ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ရဲ့ ဦးစားပေးလုပ်ဆောင်မှုပဲဖြစ်ပါတယ်။” ဟု Mr. Park မှ ပြောကြားခဲ့သည်။
2
ပိုမိုကျယ်ပြန့်သောကွန်ယက်များချဲ့ထွင်ခြင်းနှင့် လူထုအကျိုးပြုလုပ်ငန်းများလုပ်ဆောင်ခြင်းမှတစ်ဆင့် ကောင်းမွန်သော အကျိုးတရားများ ဖြစ်ထွန်းစေခြင်း
မြန်မာနိုင်ငံ၏ကြီးမားသောတိုးတက်ပြောင်းလဲမှုသည် ကုမ္ပဏီများအနေဖြင့် အစဉ်အမြဲတီထွင်ဆန်းသစ်ဖန်တီးနေစေရန် တွန်းအားပေးလျက်ရှိသည်။ အခြားနိုင်ငံများနှင့်ကွဲပြားခြားနားသည့်အချက်မှာ မြန်မာနိုင်ငံသည်တစိုက်မတ်မတ် တိုးတက် ပြောင်းလဲနေခြင်းပင်ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏အဆိုအရ မြန်မာနိုင်ငံ၏ GDP နှင့် လူတစ်ဦးချင်းစီ၏ GNI သည် ၂၀၁၀ ခုနှစ်မှစတင်၍ နှစ်ဆတိုးလာသည်။
လျှင်မြန်စွာတိုးတက်ပြောင်းလဲနေသောအချိန်မျိုးတွင် သုံးစွဲသူ၏လိုအပ်ချက်များကိုလည်း စဉ်ဆက်မပြတ်လေ့လာသုံးသပ်ရန် လိုအပ်သည်ကို LG အီလက်ထရောနစ်အနေဖြင့် သိရှိနားလည်ပါသည်။ သို့ဖြစ်၍ LG အနေနှင့် မြန်မာ့ပညာရှင်များ ထပ်မံခန့်ထားကာ မြန်မာ့နိုင်ငံရှိဝန်ထမ်းအင်အားကိုတိုးမြင့်ရန် ဆုံးဖြတ်ခဲ့သည်။ LG ၏ ရည်ရွယ်ချက်မှာ ဈေးကွက် မောင်းနှင်အားကို ကောင်းမွန်စွာသိရှိနားလည်အောင်ကြိုးစားရင်း B2B Customer များ၏လိုအပ်ချက်များကိုလည်း ကြိုတင် သိရှိပံ့ပိုးပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်ဖြစ်သည်။
ထို့အပြင် နောက်တစ်ဆင့်အနေဖြင့် မြန်မာနိုင်ငံ၏စီးပွားရေးနယ်ပယ်တွင်ဈေးကွက်ဦးဆောင်နေသော ကိုရီးယားအခြေစိုက် LG အနေနှင့် ကူညီမှုလိုအပ်နေသောသူများအတွက် တန်ဖိုးရှိသောအစီအစဉ်များကို စတင်အကောင်အထည်ဖော်ဆောင်ပေး သင့်ပြီဖြစ်ကြောင်း ယုံကြည်ပါသည်။
“မြန်မာနိုင်ငံမှာလာရောက်ဖွင့်လှစ်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုအနေနဲ့ ဒီနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ပါဝင်ကူညီ ဆောင်ရွက်ရင်း ပြန်လည်အကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်ခြင်းဟာ လုပ်သင့်လုပ်ထိုက်တဲ့တာဝန်တစ်ရပ်ပဲဖြစ်ပါတယ်။ စိန်ခေါ်မှုတွေကတော့ ရေရှည်တည်တံ့ပြီး အပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုတွေရှိမယ့် ခိုင်မာပြီးဖွံ့ဖြိုးတိုးတက်တဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။” ဟု Mr. Park က ဆိုသည်။
LG အီလက်ထရောနစ်အနေဖြင့် နိုင်ငံတစ်ဝန်းရှိဆေးရုံများနှင့်ပူးပေါင်းဆောင်ရွက်ကာ ၎င်းဆေးရုံများရှိလူနာများကို ခြင်ပြေး နည်းပညာ၏အကူအညီဖြင့် ခြင်အန္တရာယ်မှကာကွယ်ပေးနေနိုင်ပြီဖြစ်ကြောင်း Mr. Park က ဆိုသည်။ ဆေးဝါးဌာန၏ နောက်ဆုံးစာရင်းများအရ မြန်မာနိုင်ငံတွင်ဆေးရုံပေါင်း ၆၀၀၀ ကျော်ခန့်ရှိသည်။ ယခုအခါ LG ၏ ခြင်ပြေးနည်းပညာပါ ထုတ်ကုန်များဖြင့် ခြင်ကြောင့်ဖြစ်ပွားသောရောဂါသည်လူနာများကို အကာအကွယ်ပေးလျက်ရှိသည်။ LG အီလက်ထရောနစ် ၏ ခြင်ပြေးနည်းပညာသည် လူကိုအန္တရာယ်မဖြစ်စေဘဲ ခြင်အန္တရာယ်ကိုလည်း လျော့နည်းစေသဖြင့် ခြင်ပြေးနည်းပညာ ပါဝင်သောတီဗွီနှင့်လေအေးပေးစက်များကို ရန်ကုန်မြို့တွင်းနှင့်မြို့ပြင်ရှိအဖွဲ့အစည်းများတွင် လှူဒါန်းထားပြီးဖြစ်သည်။
အနာဂတ်ကိုလှမ်းမျှော်ကြည့်ကာ ရေရှည်တည်တံ့သောအကျိုးဖြစ်ထွန်းမှုများကို ဖန်တီးထားသင့်သည်။ ထို့ကြောင့် LG အီလက်ထရောနစ်အနေဖြင့် LG အကယ်ဒမီသင်တန်းကျောင်းတစ်ခုကို တည်ထောင်ထားပြီး ၎င်းသင်တန်းကျောင်းတွင် မြန်မာကျောင်းသူကျောင်းသားများအနေဖြင့် ကိုရီးယားနည်းပညာရပ်နယ်ပယ်အသီးသီးမှကျွမ်းကျင်မှုများကို လေ့လာခွင့် ရရှိနိုင်မည်ဖြစ်ကာ ၎င်းတို့၏စွမ်းရည်များကို မြှင့်တင်နိုင်ကြမည်ဖြစ်သည်။
“မြန်မာနိုင်ငံနဲ့လိုက်လျောညီထွေဖြစ်အောင်ကြိုးပမ်းအားထုတ်တဲ့အခါ ကျွန်တော်တို့ စီးပွားရေးဆုံးဖြတ်ချက်တွေမှာ ပြည်တွင်း ကကျွမ်းကျင်ပညာရှင်တွေ ပိုမိုပါဝင်လာနိုင်ဖို့မျှော်လင့်ပါတယ်။” ဟု Mr. Park က ထိုပွဲတွင်ပြောကြားခဲ့သည်။ LG Academy သည် နိုင်ငံတစ်ဝန်းတက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများကို လက်ခံသင်ကြားပေးသွားမည်ဖြစ်ကာ လာမည့် လအနည်းငယ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်သည်။
ဤကဲ့သို့အကျိုးပြုမှုများသည် ဈေးကွက်အတွင်းကောင်းမွန်မျှတသောဂေဟစနစ်တစ်ခု ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်ကာ ထိုသို့အထမြောက်လုပ်ဆောင်နိုင်ရန်အတွက်လည်း မြန်မာနိုင်ငံရှိ LG မိတ်ဖက်များ၏ ပံ့ပိုးကူညီမှုများအပေါ် ဝမ်းမြောက် ဂုဏ်ယူမိပါသည်။

 

LG Electronics အကြောင်း
LG Electronics (KSE: 066570.KS) သည် အီလက်ထရောနစ်ပစ္စည်းများ၊ မိုဘိုင်းလ်ဆက်သွယ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများထုတ်လုပ်သည့် ကမ္ဘာ့ဦးဆောင်နည်းပညာဆန်းသစ်တီထွင်သည့် ကုမ္ပဏီကြီးဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၇ နိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်လျက်သည့် LG သည် ၂၀၁၆ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း၌ အမေရိကန်ဒေါ်လာ ၄၇.၉၂ ဘီလီယံ (၅၅.၃၇ ထရီလီယံဝမ်) တန်ဖိုးအထိ ရောင်းချနိုင်ခဲ့သည်။ LG ၏ လုပ်ငန်းစု ၄ ခုမှာ အိမ်အသုံးအဆောင်ပစ္စည်းနှင့်လေဝင်လေထွက်စနစ်၊ အိမ်သုံးဖျော်ဖြေရေး၊ မိုဘိုင်းလ်ဆက်သွယ်ရေးနှင့် ယာဉ်အစိတ်အပိုင်း ထုတ်လုပ်ခြင်းတို့ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ပါးလွှာသောတီဗီများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ လေအေးပေးစက်များနှင့် ရေခဲသေတ္တာများထုတ်လုပ်သည့်ကုမ္ပဏီကြီးများထဲတွင် LG ကုမ္ပဏီသည် တစ်ခုအပါအဝင်ဖြစ်သည်။ LG Electronics ဆိုင်ရာ သတင်းအချက်အလက်များအကြောင်း အသေးစိတ်သိရှိလိုပါက www.LGnewsroom.com သို့ ဝင်ရောက် လေ့လာနိုင်ပါသည်။

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *