Oway Ride positions customers at the center of all their services, making technology a vector of change and improving the daily lives of thousands of users across the country. The Myanmar ride-hailing start-up released a feature that lets you top-up your account so you don’t need to worry about cash when you travel with Oway Taxis.
June 13, 2017, Yangon – Imagine ordering a taxi online, while your children finish breakfast. And later waving them goodbye trusting that they are with a professional driver. Sounds comforting? Now imagine if you could also track their journey on your phone, in real time, while knowing that they will not have to handle money on the way.
How much safer could a taxi ride be?
The Oway Ride team is excited to announce this is today possible in Myanmar – in other words, in can happen outside of your imagination.
Oway Ride, Myanmar’s fastest-growing tech start-up and on-demand taxi company is proud to launch its new ‘Consumer Top Up’ app feature. Taxi riders are now able to pay their Oway taxi fares without the trouble of handling cash on the spot.
Although Myanmar has been known as a cash-only economy for decades, international electronic payment companies have entered the market and financial services have developed in the recent months. As consumers’ interest is growing, the services are not accessible to all types of wallets. Oway Ride’s Consumer top-up feature however, is designed for everyone.
“We understand that customers don’t want to deal with fare negotiation and cash during their taxi ride, this is why we thought of the Consumer Top Up feature” said U Kyaw Min Swe, Senior Director of Oway Ride.
Consumers are now able to top-up their accounts at all of Oway Ride’s taxi service booths, located at shopping centers around Yangon and Mandalay. In order to promote the launch of the feature, the Myanmar leading on-demand taxi company will offer 10% discount on all top-ups made before the 13th of June.
“This initiative would be perfect for mothers concerned to let their kids handle cash. We want them to feel confident that their loved ones are safe when traveling. With the friend tracker feature introduced a few months ago and now the consumer top-up feature, we believe that taxi safety has made a big step in Myanmar” added U Kyaw Min Swe. Consumer Top-Ups are now available at Oway Ride booths in Myanmar Plaza, Ocean Tarmway, Ocean 9.5 miles, City Mart Thamine, City Mart Myay Ni Gone in Yangon and Oway
Ride office in Mandalay, with more outlets to come very soon including Mingalar Mandalay and City Mart 19th Street in Mandalay.

 

Oway Ride တက္ကစီများကို ငွေသားကိုင်ဆောင်ရန်မလိုဘဲ စီးနိုင်ပြီ
Oway Ride သည် Customer များ၏ လိုအပ်ချက်များကို အစဉ်အမြဲ ဦးစားပေးစဉ်းစားလျက်ရှိပြီး၊ ဆန်းသစ်သော နည်းပညာရပ်ကိုအသုံးပြုကာ နိုင်ငံတစ်ဝန်းရှိ အသုံးပြုသူထောင်ပေါင်းများစွာ၏ဘဝကို အဆင်ပြေချောမွေ့စေမည့်ဝန်ဆောင်မှုတစ်ခုကို ပေးအပ်လိုက်သည်။ Oway Ride မှ ယခုအသစ်မိတ်ဆက်လိုက်သော ဝန်ဆောင်မှုကိုအသုံးပြု၍ သင်၏အကောင့်ကို ငွေဖြည့်နိုင်မည် ဖြစ်သဖြင့် Oway Ride တက္ကစီ အသုံးပြုရန်အတွက် ငွေသားကိုင်ဆောင်ရန် မလိုအပ်တော့ပါ။
ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၃ ရက် – မိမိ၏ကလေး နံနက်စာစားနေစဉ် တက္ကစီကို အွန်လိုင်းပေါ်မှ အလွယ်တကူခေါ်ယူနိုင်မည့်အခြေအနေကိုစိတ်ကူးကြည့်လိုက်ပါ။ ကျွမ်းကျင်သောယာဉ်မောင်းတစ်ဦးက မိမိကလေးငယ် အား ကျောင်းသို့ကောင်းစွာမောင်းနှင်ပို့ဆောင်ပေးမည်ဟု ယုံကြည်စိတ်ချရမည်ဆိုလျှင် သင်နှစ်သက်ပါမည်လား။ ထို့အပြင် မိမိကလေးငယ်က ငွေကြေးကိုင်ဆောင်ရန်မလိုအပ်ဘဲ ကျောင်းသို့ရောက်ရှိနိုင်မည်ဖြစ်ကာ ကားသွားရာ လမ်းကြောင်းတစ်လျောက်လုံးကိုလည်း ကိုယ်တိုင်အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်နေနိုင်မည့်အနေအထားကို စိတ်ကူး ပုံဖော်ကြည့်လိုက်ပါ။ တက္ကစီခရီးစဉ်တစ်ခုသည် မည်မျှအထိ လုံခြုံစိတ်ချရမှုရှိနိုင်မည်နည်း။
ဤကဲ့သို့ သင့်စိတ်ကူးထဲကအတိုင်းဖြစ်စေနိုင်မည့်ဝန်ဆောင်မှုကို Oway Ride အနေဖြင့် မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏အလျင်မြန်ဆုံးတိုးတက်လျက်ရှိသော နည်းပညာကုမ္ပဏီလည်းဖြစ်ပြီး တက္ကစီဝန်ဆောင်မှုကုမ္ပဏီတစ်ခုလည်း ဖြစ်သည့် Oway Ride သည် ၎င်း၏ အက်ပလီကေးရှင်းပေါ်တွင် Consumer Top Up ဝန်ဆောင်မှုအသစ်ကို ဂုဏ်ယူစွာဖြင့် မိတ်ဆက်လိုက်ခြင်းဖြစ်သည်။ ယခုအခါ Oway Ride တက္ကစီခရီးသည်များ အနေဖြင့် ငွေသားကိုင်တွယ်ရသည့်ဒုက္ခများ မရှိတော့ဘဲ ကားခပေးချေနိုင်ပြီဖြစ်သည်။
မြန်မာနိုင်ငံ၏စီးပွားရေးတွင် ငွေသားကိုသာ ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီး၊ နိုင်ငံတကာအီလက်ထရောနစ် ငွေပေးချေမှုကုမ္ပဏီများ ဈေးကွက်အတွင်းဝင်ရောက်လာသည်နှင့်အတူ လွန်ခဲ့သောလအနည်းငယ်ခန့်ကစ၍ ငွေကြေး ဝန်ဆောင်မှုကဏ္ဍသည်လည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ သုံးစွဲသူများ၏စိတ်ဝင်စားမှု မြင့်တက်နေသော်လည်း ၎င်းဝန်ဆောင်မှုများကို အလွှာပေါင်းစုံမှသုံးစွဲသူများက ရယူသုံးစွဲနိုင်ခြင်းမရှိသေးပါ။ Oway Ride ၏ ယခုမိတ်ဆက်လိုက် သောငွေဖြည့်ဝန်ဆောင်မှုကိုမူ လူတိုင်းအသုံးပြုနိုင်ရန် ဖန်တီးထားပါသည်။
“တက္ကစီစီးနင်းသူခရီးသည်တွေအနေနဲ့ ကားခဈေးဆစ်ရတာနဲ့ ငွေသားကိုင်တွယ်ရတာကို မနှစ်သက်ဘူးဆိုတာ ကျွန်တော်တို့အနေနဲ့ သိရှိနားလည်ထားပါတယ်။ ဒါကြောင့် ဒီငွေဖြည့်ဝန်ဆောင်မှုကို စတင်လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။” ဟု Oway Ride ၏ Senior Director ဖြစ်သူ ဦးကျော်မင်းဆွေက ဆိုသည်။
ခရီးသည်များအနေဖြင့် ရန်ကုန်နှင့်မန္တလေးမြို့တို့၏ ဈေးဝယ်စင်တာများရှိ Oway Ride တက္ကစီဝန်ဆောင်မှုကောင်တာများ အားလုံးတွင် ၎င်းတို့၏အကောင့်များကို ငွေဖြည့်သွင်းနိုင်မည်ဖြစ်သည်။ ဤဝန်ဆောင်မှုမိတ်ဆက်ခြင်းအထိမ်းအမှတ်
အနေဖြင့် Oway Ride သည် ဇူလိုင်လ ၁၃ နေ့အထိ ငွေဖြည့်သွင်းမှုများအားလုံးအတွက် ၁၀ ရာခိုင်နှုန်း အပိုဆောင်းပေးအပ် သွားမည်ဖြစ်သည်။
“ဒီဝန်ဆောင်မှုအသစ်လေးက မိမိကလေးတွေကို ငွေမကိုင်စေချင်တဲ့မိခင်တွေအတွက် အလွန်အဆင်ပြေပါလိမ့်မယ်။ မိခင်တွေအနေနဲ့ မိမိရဲ့ရင်သွေးလေးတွေ လုံလုံခြုံခြုံနဲ့ သွားလာနေနိုင်တယ်လို့ စိတ်ချယုံကြည်ထားစေချင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းက ကျွန်တော်တို့ မိတ်ဆက်ပေးထားတဲ့ ခရီးစဉ်လမ်းကြောင်းစောင့်ကြည့်နိုင်တဲ့ဝန်ဆောင်မှုနဲ့ ဒီငွေဖြည့်ဝန်ဆောင်မှုတွေကို အသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်း တက္ကစီခရီးစဉ်လုံခြုံမှုဟာ ပိုမိုမြင့်မားလာနိုင်ပြီလို့ ကျွန်တော်တို့ယုံကြည်ပါတယ်။” ဟု ဦးကျော်မင်းဆွေက ဆိုသည်။
ငွေဖြည့်ဝန်ဆောင်မှုရရှိနိုင်သော နေရာများမှာ ရန်ကုန်မြို့တွင် မြန်မာပလာဇာ၊ တာမွေ Ocean ၊ ကိုးမိုင် Ocean ၊ သမိုင်း City Mart ၊ မြေနီကုန်း City Mart တို့ဖြစ်သည်။ မန္တလေးမြို့တွင် မန္တလေး Oway Ride ရုံးတွင် ဝန်ဆောင်မှုရရှိနိုင်ပြီး၊ မင်္ဂလာမန္တလေးနှင့် ၁၉လမ်း City Mart (မန္တလေး) တို့အပါအဝင် ရန်ကုန်မြို့နှင့်မန္တလေးမြို့ရှိအခြားနေရာများတွင်လည်း မကြာမီအချိန်တွင် ထပ်မံဝန်ဆောင်ပေးသွားမည် ဖြစ်သည်။

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *