YANGON, Myanmar, 14 June 2017 – The people of Myanmar continue to embrace electronic payments, following the opening of the domestic payments industry and launch of Myanmar’s first Visa credit cards, according to global payments technology company Visa.
From January through to the end of April, payment volume on Myanmar Visa cards being used inside the country grew by 81 percent, while the number of transactions increased by 87 percent.1 Overall, factoring in international cards usage in Myanmar, there were 63 percent more transactions made in March 2017 compared to the same period last year.2
The increases correspond to the growing number of merchants that accept cards, which has risen by 46 percent to approximately 4,200 merchants nationwide. The number of ATMs in Myanmar also grew by 49 percent to approximately 2,500 ATMs across the country.3
“The payment industry has grown tremendously since market opening and Myanmar has never been so connected to global commerce in the last half a century. Yet amidst economic acceleration, in order for the country to fully reap the benefits of electronic payments, compliance to global rules and standards must be in place. They are a vital part of a secure and efficient economy,” said Arturo Planell, Visa Country Manager, Myanmar.
Visa has taken a proactive role in engaging with client banks and government bodies to introduce rules and best practices to ensure that proper security measures are in place. Engagement includes spearheading the Myanmar Risk Council with banks and conducting workshops on Anti-Money Laundering and Anti-Terrorist Financing.
“The foundation of inclusive growth rests on secure transactions. Visa’s approach to security is based on the belief that the only effective way to protect our cardholders, clients and merchants, is to employ multiple layers of security,” said Mr. Planell.
Adhering to Payment Card Industry Data Security Standards (PCI-DSS) by all parties while adopting strong technologies such as EMV chip, tokenization, and point-to-point encryption not only drives economic growth, but also enhances the payment experience for consumers and maintains the integrity of the payment system.

Currently three banks are issuing Visa credit cards in Myanmar – Ayeyarwady Bank, Co-operative Bank, and Kanbawza Bank. All of which enable cardholders to pay in Myanmar Kyat domestically.


About Visa
Visa Inc. (NYSE: V) is a global payments technology company that connects consumers, businesses, financial institutions, and governments in more than 200 countries and territories to fast, secure and reliable electronic payments. We operate one of the world’s most advanced processing networks — VisaNet — that is capable of handling more than 65,000 transaction messages a second, with fraud protection for consumers and assured payment for merchants. Visa is not a bank and does not issue cards, extend credit or set rates and fees for consumers. Visa’s innovations, however, enable its financial institution customers to offer consumers more choices: pay now with debit, pay ahead with prepaid or pay later with credit products. For more information, visit https://usa.visa.com/, visacorporate.tumblr.com and @VisaNews.


မြန်မာနိုင်ငံတွင် ဈေးကွက်ပွင့်လင်းလာချိန်မှစတင်၍ အီလက်ထရောနစ်ငွေပေးချေမှုလုပ်ငန်း ဖွံ့ဖြိုးမှုအရှိန်အဟုန်ရလာ

ရန်ကုန်၊ ၂၀၁၇ ဇွန်လ ၁၄ ရက် – ကမ္ဘာ့ငွေပေးချေမှုဆိုင်ရာနည်းပညာကုမ္ပဏီ Visa ၏ အဆိုအရ မြန်မာနိုင်ငံတွင် ပြည်တွင်းငွေပေးချေမှုလုပ်ငန်းနယ်ပယ်ဖွင့်လှစ်ကာ ပထမဦးဆုံး Visa အကြွေးဝယ်ကတ်များကို မိတ်ဆက်ပေး လိုက်ပြီးနောက်ပိုင်းတွင် မြန်မာလူမျိုးများအနေဖြင့် အီလက်ထရောနစ်ငွေပေးချေမှုများကို နှစ်သက်လက်ခံလာ ကြကြောင်း တွေ့ရှိရသည်။
ဈေးကွက်စတင်ဖွင့်လှစ်ပေးခဲ့သည့် ဇန်နဝါရီလမှ ဧပြီလအထိ မြန်မာနိုင်ငံထုတ် Visa ကတ်ကိုင်ဆောင်သူ၏ တစ်နိုင်ငံလုံးတိုးတက်မှုအရေအတွက်သည် ၈၁ ရာခိုင်နှုန်းအထိရှိခဲ့ပြီး၊ မြန်မာနိုင်ငံ Visa ကတ်ဖြင့်ငွေပေးချေမှု အရေအတွက်သည် ၈၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။၁ မြန်မာနိုင်ငံအတွင်း နိုင်ငံတကာထုတ် Visa ငွေပေးချေကတ်များအသုံးပြုခြင်းကို ကာလသတ်မှတ်ချက်နှိုင်းယှဉ်မှုအရ ခြုံငုံသုံးသပ်ကြည့်လျှင် ယမန်နှစ် ကထပ်ပို ၍ ယခုနှစ်၂၀၁၇ မတ်လ တွင် ငွေပေးချေမှုနှုန်းသည် ၆၃ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့သည်။၂
ကတ်ဖြင့်ငွေပေးချေမှုကိုလက်ခံသောကုန်သည်အရေအတွက်တိုးတက်မှုသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေ ဖြင့် ကုန်သည်ပေါင်း ၄၂၀၀ ၊ ရာခိုင်နှုန်းအားဖြင့် ၄၆ ရာခိုင်နှုန်းအထိ အလားအလာကောင်းသောတိုးတက်မှု အနေအထားသို့ ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ATM စက်အရေအတွက် ၂၅၀၀ ခန့်ရှိလာပြီး ရာခိုင်နှုန်းအားဖြင့် ၄၉ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။၃
“ဈေးကွက်ဖွင့်ပေးလိုက်ကတည်းက မြန်မာနိုင်ငံရဲ့ငွေပေးချေမှုလုပ်ငန်းနယ်ပယ်ဟာ သိသိသာသာတိုးတက်လာ ခဲ့ပြီး၊ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ရာစုနှစ်ဝက်ကျော်နဲ့ယှဉ်ကြည့်ရင် အခုအခါ ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ ထဲထဲဝင်ဝင်ချိတ်ဆက်ဆောင်ရွက်လာနိုင်နေပါပြီ။ စီးပွားရေးတိုးတက်မှုအရှိန်အဟုန်ကောင်းနေပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ အီလက်ထရောနစ်ငွေပေးချေမှုရဲ့အကျိုးကျေးဇူးတွေကို ပြည့်ပြည့်ဝဝခံစားနိုင်ဖို့အတွက် နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ စံသတ်မှတ်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့က လိုအပ်နေပါသေးတယ်။ ဒီစည်းမျဉ်းတွေနဲ့ စံနှုန်းတွေက လုံခြုံပြီးထိရောက်တဲ့စီးပွားရေးတစ်ခုရဲ့ အဓိကအရေးပါ တဲ့အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။” ဟု Visa မြန်မာ၏ Country Manager ဖြစ်သူ Arturo Planell က ဆိုပါသည်။
Visa အနေဖြင့် တိကျသေချာသော အကောင်းဆုံးလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများသိရှိစေရန်နှင့် အလေ့အကျင့်ကောင်းများရရှိလာအောင် အစိုးရအဖွဲ့အစည်းများနှင့် မိတ်ဖက်ဘဏ်များအား ချိတ်ဆက်ပြီး ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ Visa ၏ လုပ်ငန်းဆောင်ရွက်ချက်များတွင် အဓိကကျသောအချက်တစ်ခု ဖြစ်သည့် မြန်မာ့ဘေးအန္တရာယ်လျှော့ချရေးကောင်စီ (Myanmar Risk Council) မှ ဘဏ်များနှင့် အတူတကွ ဦးဆောင်၍ ငွေမည်းခဝါချမှုဆန့်ကျင်ရေး၊ ငွေကြေးဆိုင်ရာအကြမ်းဖက်မှုဆန့်ကျင်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးခြင်းတို့ပါဝင်သည်။

“လုပ်ငန်းတိုးတက်မှုမြင့်မားလာခြင်းရဲ့အခြေခံအကြောင်းအရင်းတွေဟာ လုံခြုံစိတ်ချမှုရှိခြင်းဆိုတဲ့အချက်အပေါ် မှာလည်း မူတည်နေပါတယ်။ Visa ရဲ့စိတ်ချရတဲ့ငွေပေးချေမှုလုပ်ငန်းကို လုံခြုံမှုရှိအောင်လုပ်ကိုင်ရာမှာ ကျွန်ုပ်တို့ရဲ့ Visa ကတ်ကိုင်ဆောင်သုံးစွဲသူတွေ၊ အရောင်းအဝယ်ပြုလုပ်တဲ့ ဆိုင်ပိုင်ရှင်၊ ကုန်သည်တွေ၊ ကျွန်ုပ်တို့ရဲ့ မိတ်ဖက်ဘဏ်တွေကို အထိရောက်ဆုံးနဲ့ အကောင်းဆုံးသောနည်းပညာများနဲ့ အဆင့်ဆင့်လုံခြုံစိတ်ချမှုရှိအောင် ဝန်ဆောင်မှုများပေးခြင်းပဲ ဖြစ်ပါတယ်။” ဟု Mr. Planell က ဆိုသည်။
ငွေကြေးဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေဖြင့် EMV chip ၊ tokenization ၊ point-to-point encryption စသည့် အကောင်းဆုံးအဆင့်မြင့်နည်းပညာများကိုအသုံးပြုပြီး (Payment Card Industry Data Security Standards – PCI-DSS) ကတ်ပြားငွေပေးချေမှုလုပ်ငန်းဆိုင်ရာသတင်းအချက်အလက်လုံခြုံမှုစံချိန်စံနှုန်းများအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်ရုံသာမက၊ သုံးစွဲသူများ၏ ငွေပေးချေမှု အတွေ့အကြုံကို ပိုမိုထိရောက်မြန်ဆန်မှုရှိစေပြီး မှန်ကန်စိတ်ချရသောငွေပေးချေမှုစနစ်ကို ထိန်းသိမ်းပေးရာ ရောက်ပါသည်။
ယခုအချိန်တွင် နိုင်ငံတကာတွင်သာမက မြန်မာနိုင်ငံအတွင်းမှာပါအသုံးပြုနိုင်သော Visa Credit Card (Visa အကြွေးဝယ်ကတ်) များကို မြန်မာနိုင်ငံရှိပြည်တွင်းဘဏ်များဖြစ်သော ဧရာဝတီဘဏ်၊ သမဝါယမဘဏ်နှင့် ကမ္ဘောဇဘဏ်တို့မှ ထုတ်ဝေပေးလျက်ရှိသည်။ ပြည်တွင်းငွေပေးချေမှုများတွင် Visa ကတ်အသုံးပြုသူများသည် မြန်မာကျပ်ငွေဖြင့်လည်း ငွေပေးချေမှုများပြုလုပ်နိုင်ပါသည်။


Visa အကြောင်း

Visa Inc.(NYSE: V) သည် ကမ္ဘာအနှံ့ငွေပေးချေမှုဆိုင်ရာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး၊ နိုင်ငံပေါင်း ၂၀၀ ကျော်မှ သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် အစိုးရပိုင်းဆိုင်ရာဌာနများအကြား မြန်ဆန်ပြီးလုံခြုံစိတ်ချရသော အီလက်ထရောနစ်ငွေကြေးဝန်ဆောင်မှုများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။ ကျွန်တော်တို့သည် ကမ္ဘာပေါ်တွင် ခေတ်အမှီဆုံးကွန်ရက်တစ်ခုဖြစ်သည့် VisaNet ကို အသုံးပြု၍ သတင်းအချက်အလက်ပေါင်း ၆၅၀၀၀ ကျော်ကို တစ်စက္ကန့်အတွင်း လွှဲပြောင်းပေးပို့နိုင်ခြင်း၊ သုံးစွဲသူများအတွက် လိမ်ညာတုပမှုများမှ ကာကွယ်ပေးခြင်း၊ ကုန်သည်များထံ တိကျသေချာစွာ ငွေလွှဲပေးခြင်းအစရှိသည်တို့ကို ဝန်ဆောင်ပေးလျက်ရှိပါသည်။ Visa သည် ဘဏ်မဟုတ်သည့်အတွက် သုံးစွဲသူများအား ကတ်ထုတ်ပေးခြင်း၊ ငွေချေးခြင်း (သို့) နှုန်းထားသတ်မှတ်ပေးခြင်းနှင့် ဝန်ဆောင်ခများတောင်းရမ်းခြင်း မပြုလုပ်ပါ။ Visa ၏ တီထွင်လုပ်ဆောင်မှုများသည် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ၊ သုံးစွဲသူများ ပိုမိုရွေးချယ်မှုများရရှိစေရန် ငွေပေးချေမှုစနစ်အမျိုးမျိုးဖြစ်သည့် Debit ကတ်ဖြင့် လက်ငင်းငွေချေခြင်း၊ Pre-paid ကတ်ဖြင့် ကြိုတင်ငွေသွင်းစနစ်ဖြင့် ပေးချေခြင်း၊ Credit ကတ်အကြွေးဝယ်စနစ်ဖြင့် နောက်မှငွေပေးချေခြင်းစသော ဝန်ဆောင်မှုစနစ်များကို ပြုလုပ်ပေးလျက် ရှိပါသည်။ ပိုမိုပြည့်စုံသောသတင်းအချက်အလက်များအတွက် https://usa.visa.com/,visacorporate.tumblr.com နှင့် @VisaNews တွင် ဝင်ရောက်လေ့လာ ကြည့်ရှု နိုင်ပါသည်။

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *