After releasing its one-of a kind consumer top-up feature earlier last month, Oway Ride comes back with an exclusive promotion on the two coming week-ends.

 

July 3rd, 2017, Yangon – Oway Ride, Myanmar’s fastest-growing tech start-up and on-demand taxi company 20% bonus to customers topping-up their account on the two coming week-ends.

 

“As the month just started, we thought it was the right time to give people the opportunity to invest in safer and cheaper taxi services” said U Kyaw Min Swe, Senior Director of Oway Ride. “We would be nothing without our customers and this week-end promotion is a simple token of our everlasting gratitude” he added.

 

On coming Saturday 8th and Sunday 9th and on the 15th and 16th of July, all customers topping up their accounts will enjoy an added 20% bonus. For example, a MMK5,000 top up will count as MMK6,000 and users topping up MMK20,000 will receive MMK24,000 on their accounts. In other words, Oway Ride taxis will become 20% cheaper for people who top-up during the two week-ends!

 

To enjoy this promotion, simply address an Oway representative during the promotion at one of the company’s taxi booths in Myanmar Plaza, Ocean Tarmway, Ocean 9.5 miles, City Mart Thamine or City Mart Myay Ni Gone.

Oway Ride’s Consumer Top Up feature was released earlier last month in order to make taxis cash-free. The start-up is today the sole taxi-hailing company providing this service in the country. Climatized, driven by trained professional drivers and equipped with a meter fare system, Oway Ride taxis now also let customers pay their rides directly from their phones through the Oway Ride App.

 

###

 

 

About Oway Ride  

Oway Ride uses a user-friendly mobile application, available in Myanmar and English on Google Play and on App Store, enabling its customers to book a ride online as well as through a Call Center hotline (01-2399 100). The application then displays nearby available taxis on a map and lets users confirm their pickup and drop-off location instantly. The Oway Ride App finally confirms the request and sends the details of the driver to the customers.Taxi fare is automatically calculated based on kilometers travelled and time spent in the cab and both driver and customer see the fare on their respective application. The competitive advantages of Oway Ride application are; its Corporate Feature, a smart way to help businesses track employees’ transportation expenses; Track Friend’s Ride Feature where users can let anybody track their real-time journey; Favorites, with which users can enjoy the automatic journey package; and Travel Service integrated with Oway’s travel services information. 

 

Oway Ride မှ တက္ကစီစီးနင်းခ ၂၀ ရာခိုင်နှုန်း အပိုလက်ဆောင်ပေးအပ်သွားမည်

Oway Ride အနေဖြင့် Consumer Top-up ဝန်ဆောင်မှုကို ဇွန်လအစောပိုင်းက မိတ်ဆက်ပေးခဲ့ပြီးနောက် ခရီးသည်များအတွက် အထူးပရိုမိုးရှင်းအစီအစဉ်ကို လာမည့်စနေ၊ တနင်္ဂနွေပိတ်ရက်နှစ်ပတ်အတွက် ထပ်မံပေးအပ်လိုက်သည်။

­

ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃ ရက်။         ။ မြန်မာနိုင်ငံ၏ အလျင်မြန်ဆုံးတိုးတက်လျက်ရှိသော စွန့်ဦးနည်းပညာ ကုမ္ပဏီလည်းဖြစ်ပြီး တက္ကစီဝန်ဆောင်မှုကုမ္ပဏီတစ်ခုလည်းဖြစ်သည့် Oway Ride သည် ယခုလာမည့်ရက်သတ္တပတ် နှစ်ပတ်၏ စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် ငွေဖြည့်သွင်းသူများကို ၂၀ ရာခိုင်နှုန်း အပိုငွေဖြည့်လက်ဆောင်များ ပေးအပ် သွားမည်ဖြစ်သည်။

 

“အခုလိုလဆန်းပိုင်းအချိန်မျိုးမှာ ခရီးသည်တွေအနေနဲ့ ပိုမိုလုံခြုံစိတ်ချရပြီး ဈေးသက်သာတဲ့တက္ကစီ ဝန်ဆောင်မှုတွေအပေါ် ရင်းနှီးမြှုပ်နှံထားနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုပေးအပ်ဖို့ အကောင်းဆုံးအချိန်လို့ ကျွန်တော်တို့ ထင်မိပါတယ်။ Oway Ride သုံးစွဲသူခရီးသည်တွေက ကျွန်တော်တို့အတွက် အလွန်အရေးပါတာမို့ သူတို့ရဲ့အားပေးမှုကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒီလို ပရိုမိုးရှင်းလေးကို ပေးအပ်လိုက်တာဖြစ်ပါတယ်။” ဟု Oway Ride ၏ Senior Director ဖြစ်သူ ဦးကျော်မင်းဆွေက ဆိုသည်။

 

ယခုလာမည့် စနေ၊ တနင်္ဂနွေပိတ်ရက်များဖြစ်သည့် ဇူလိုင်လ ၈ ရက်၊ ၉ ရက်နေ့တို့နှင့် ဇူလိုင်လ ၁၅ ရက်၊ ၁၆ ရက်နေ့တို့တွင် Oway Ride အသုံးပြုသည့်ခရီးသည်များအနေဖြင့် ၎င်းတို့၏ Oway Ride အကောင့်များကို ငွေဖြည့်သွင်းခြင်းအားဖြင့် ၂၀ ရာခိုင်နှုန်းအပိုငွေဖြည့်လက်ဆောင်များ ရရှိကြမည်ဖြစ်သည်။ ဥပမာ ခရီးသည်များအနေဖြင့် Oway အကောင့်များတွင် ၅၀၀၀ ကျပ်ဖြည့်သွင်းပါက ၆၀၀၀ ကျပ်၊ ၂၀၀၀၀ ကျပ်ဖြည့်သွင်းပါက ၂၄၀၀၀ ကျပ်ကို အပိုထပ်ဆောင်းရရှိအသုံးပြုနိုင်မည် ဖြစ်သည်။ တစ်နည်းဆိုရသော် ရက်သတ္တပတ်နှစ်ပတ်၏ စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် ငွေဖြည့်သွင်းသူများအနေဖြင့် Oway Ride တက္ကစီစီးရာတွင် ၂၀ ရာခိုင်နှုန်း ထပ်ဆောင်းရရှိနိုင်မည် ဖြစ်သည်။

 

ဤပရိုမိုးရှင်းကိုရယူရန်အတွက် လာမည့် စနေ၊ တနင်္ဂနွေနေ့တို့တွင် မြန်မာပလာဇာ၊ တာမွေ Ocean ၊ ကိုးမိုင် Ocean ၊ သမိုင်း City Mart ၊ မြေနီကုန်း City Mart တို့ရှိ Oway Ride တက္ကစီကောင်တာများသို့သွားရောက်ကာ မိမိ၏ Oway Ride အကောင့်ကို ငွေဖြည့်သွင်းရုံပင်ဖြစ်သည်။

 

ငွေကြေးကိုင်တွယ်ရန် မလိုအပ်ဘဲ တက္ကစီစီးနင်းနိုင်ရန်အတွက် Oway Ride က Consumer Top Up ဝန်ဆောင်မှုကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် Oway Ride ကုမ္ပဏီသည် ၎င်းဝန်ဆောင်မှုကိုပေးအပ်နိုင်သည့် တစ်ခုတည်း သောတက္ကစီအငှားဝန်ဆောင်မှုကုမ္ပဏီဖြစ်သည်။ အထူးလေ့ကျင့်သင်ကြားပေးထားသော ကျွမ်းကျင်ယဉ်မောင်းများ မောင်းနှင်ပြီး၊ မီတာဖြင့်ကားခတွက်ချက်သည့်စနစ်တို့တပ်ဆင်ထားသော Oway Ride တက္ကစီများကို အသုံးပြုသည့် ခရီးသည်များအနေဖြင့် ၎င်းတို့၏ဖုန်းပေါ်မှ Oway Ride အက်ပလီကေးရှင်းကိုအသုံးပြု၍ ကားခတိုက်ရိုက်ပေးချေနိုင်ပြီ ဖြစ်သည်။

###

 

Oway Ride အကြောင်း

အသုံးပြုရလွယ်ကူသော Oway Ride မိုဘိုင်းလ်အက်ပလီကေးရှင်းကို မြန်မာဘာသာနှင့်အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံးဖြင့် အသုံးပြုနိုင်ကာ၊ Google Play နှင့် App Store တို့တွင် ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် အွန်လိုင်းမှလည်းကောင်း Call Center ဖုန်းနံပါတ် (01-2399 100) ထံ ဆက်သွယ်၍လည်းကောင်း မည်သည့်နေရာမှမဆို ကားငှားနိုင်မည်ဖြစ်သည်။ Oway Ride အက်ပလီကေးရှင်း၏မြေပုံပေါ်တွင် အနီးအနားရှိတက္ကစီများကို ဖော်ပြနေမည်ဖြစ်ကာ၊ အသုံးပြုသူများအနေဖြင့် ကြိုရန်နေရာနှင့် ပို့ရန်နေရာများကို ထည့်သွင်းပေးရမည်ဖြစ်သည်။ ထိုအခါတွင် Oway Ride App သည် မှာယူမှုကို အတည်ပြုပေးကာ ယာဉ်မောင်း၏ သတင်းအချက်အလက်များကို ပို့ပေးမည်ဖြစ်သည်။ ကားခကို ခရီးစဉ်အကွာအဝေးနှင့် စောင့်ဆိုင်းချိန်တို့အပေါ်တွင်မူတည်ကာ အလိုလျောက်တွက်ချက်ပေးခြင်းဖြစ်ပြီး၊ ခရီးသည်နှင့်ယာဉ်မောင်းနှစ်ဦးလုံးက ၎င်းတို့၏အက်ပလီကေးရှင်းအသီးသီးပေါ်တွင် မြင်တွေ့ နိုင်မည်ဖြစ်သည်။ Oway Ride အက်ပလီကေးရှင်း၏အားသာချက်များမှာ လုပ်ငန်းများအနေဖြင့် ဝန်ထမ်းများ၏သွားလာမှု စရိတ်များကို ထိန်းကွပ်နိုင်မည့် နည်းလမ်းကောင်းတစ်ခုဖြစ်သည့် Corporate ဝန်ဆောင်မှု၊ မိမိသွားလာနေသောခရီးကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စေနိုင်မည့် Track Friend’s Ride ဝန်ဆောင်မှု၊ မိမိသွားလာလေ့ရှိသောခရီးစဉ်များကို အလိုလျောက်ပြသပေးမည့် Favorites ဝန်ဆောင်မှုနှင့် Oway ၏ ခရီးသွားဝန်ဆောင်မှုသတင်းအချက်အလက်များပြသပေးသော ခရီးသွားဝန်ဆောင်မှုတို့ဖြစ်သည်။

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *