Myanmar, Yangon, 25 July 2017 – Colgate-Palmolive today announced the big prize winner of its Colgate Scholarship Campaign 2017. By providing 165 scholarship prizes totaling 80 million Kyats, it was only a matter of time before one lucky student from across Myanmar managed to scoop the first tier prize of 6 million Kyats; as the campaign continues to forge Colgate Palmolive’s aim at helping Myanmar families and children achieve their dreams through the means of a better education.
Taking one of out of the three 6 million Kyats cash prizes on offered, 14yr old Mg Wai Him Kyaw from Pyinmana was able to claim his prize after his mother Ma Khin Mar Cho bought a carton of Colgate Super Strong from their local Shwe Li Store in their township. A 9th standard student at KanKaw Private School, Mg Wai Him Kyaw is in the top set of his class and hopes to use the money to further his interest in engineering.
“The day I bought Colgate toothpaste I did not even know about the campaign,” said Ma Khin Mar Cho, “but my son wanted to enter. Soon after sending our text message, Colgate sent back a message saying that we had won 6 million kyats. It’s unbelievable! The whole family is on cloud nine. Now we do not need to worry as we have money to invest in his education; and to think, we only started to use Colgate toothpaste 3 years ago after both of us started to suffer from toothache. Now all our neighbours and Mg Wai Him Kyaw’s classmates have all started to use Colgate hoping that they too can win a prize that will change their life.”
Mr Kunal Chadha, General Manager, Colgate Indochina, said: “Colgate is delighted to announce our first prize winner in this scholarship campaign as we continue our commitment in improving both the oral health and educational needs in Myanmar. Huge congratulations to Ma Khin Mar Cho and her family as I’m sure that this scholarship prize will have a positive impact in helping Wai Him Kyaw achieve his greatest potential.” However, there are still more cash prizes to be won, so we wish everyone good luck and happy brushing!”
The provision of education to children is central to Colgate’s CSR commitments, and part of their ongoing global outreach to children in need, through activities and campaigns such as the annual Oral Health Month, and Bright Smiles Bright Futures, which has helped more than 800 million children to date.
The winners must redeem before 31st August 2017 and Colgate will provide the prizes no later than 30th September 2017. For more information, please contact 012399300 or Colgate Myanmar Facebook.

 

COLGATE  ၏ ၂၀၁၇ခုနှစ် စုစုပေါင်း သိန်း(၈၀၀) တန်ဖိုးရှိ ပညာသင်ဆုအစီအစဉ်မှ ပထမဆု ရရှိသူထွက်ပေါ်

 

ရန်ကုန်၊ မြန်မာ၊ ၂၅ ဇူလိုင်လ၊ ၂၀၁၇ ခုနှစ် ။       ။ COLGATE မှ ၎င်း၏ ၂၀၁၇ခုနှစ် ပညာသင်ဆု အစီအစဉ်တွင် ပထမဆုကြီးကို ကျောင်းသားတစ်ဦးမှ ဆွတ်ခူးရရှိသွားပြီဖြစ်ကြောင်း ယနေ့ကြေညာလိုက်သည်။ COLGATE ၏ ပညာသင်ဆု အစီအစဉ်တွင် စုစုပေါင်း ကျပ်သိန်း (၈၀၀) တန်ဖိုးရှိ ပညာသင်ဆုပေါင်း ၁၆၅ ဆုပါဝင်ပြီး၊ ဤအစီအစဉ်မှ  မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မိသားစုများနှင့် ကလေးများအား ပိုမိုကောင်းမွန်စွာ ပညာသင်ယူနိုင်ပြီး ၎င်းတို့၏ စိတ်ကူးအိပ်မက်များ၊ ဘဝရည်မှန်းချက်များကို အကောင်အထည်ဖော်စေနိုင်ရေးအတွက် အကူအညီဖြစ်ရန် ရည်ရွယ်ဖော်ဆောင်ခဲ့သော အစီအစဉ်တစ်ခုဖြစ်သည်။ ယင်းပညာသင်ဆု အစီအစဉ်မှ သိန်း (၆၀) တန်ဖိုးရှိ ပထမဆုကို ကံထူးပြီး ဆွတ်ခူးရရှိသော ကျောင်းသားကလေးငယ် တစ်ဦးပေါ်ထွက်လာ ပြီဖြစ်ပါသည်။

 

သိန်း (၆၀) တန်ဖိုးရှိ ပထမဆု သုံးဆု ရှိသည့်အနက် ပထမဆုံးတစ်ဆုကို ပျဉ်းမနားမြို့နေ (၁၄)နှစ်ကျောင်းသားလေး မောင်ဝေဟင်ကျော်က ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ မောင်ဝေဟင်ကျော်သည် မိခင်ဖြစ်သူ ဒေါ်ခင်မာချိုနှင့်အတူ ၎င်းတို့မိသားစုနေထိုင်ရာမြို့နယ်ရှိ ရွှေလီစတိုးဆိုင်မှ Colgate Super Strong သွားတိုက်ဆေးတစ်ဘူးကို ဝယ်ယူခဲ့ပြီးနောက် ယခုကဲ့သို့ ကံထူးခဲ့ခြင်းဖြစ်သည်။ ပျဉ်းမနားမြို့ ကံ့ကော်အထက်တန်းကျောင်းတွင် ပညာသင်ယူနေသော နဝမတန်း ကျောင်းသားတစ်ဦးဖြစ်သည့် မောင်ဝေဟင်ကျော်သည် အတန်းထဲတွင် စာတော်သော ကျောင်းသားတစ်ဦးဖြစ်ပြီး ယခုရရှိသော COLGATE ၏ ပညာသင်ဆုကို နောင်အနာဂတ်တွင် ၎င်းစိတ်ဝင်စားသော အင်ဂျင်နီယာဘာသာရပ်ကို လေ့လာသင်ယူရာတွင် အသုံးပြုမည်ဟု မျှော်လင့် ထားသည်ဟု သိရသည်။

 

“ဒီသွားတိုက်ဆေးကို ဝယ်ခဲ့တုန်းက ဒီလိုပညာသင်ဆု အစီအစဉ် ရှိတယ်ဆိုတာကိုတောင် ကျွန်မသတိမထားမိခဲ့ပါဘူး။ ၀ယ်ပြီးမှသိရတော့ ကျွန်မသားလေးက ဒီပညာသင်ဆု အစီအစဉ်မှာ ဝင်ပါချင်တယ်ဆိုလို့ COLGATE က ပြောထားတဲ့ ဖုန်းနံပါတ်ဆီစာပို့လိုက်တယ်။ သိပ်မကြာလိုက်ဘူး၊ COLGATE ဘက်ကနေ ကျွန်မတို့ သိန်း(၆၀)တန် ပညာသင်ဆုကြီး ဆွတ်ခူးသွားတယ်လို့ စာပြန်ပို့လာတော့ ယုံတောင်မယုံနိုင်ပါဘူး။ မိသားစုတွေအားလုံး အခု အရမ်းကို ဝမ်းသာပျော်ရွှင်နေကြပါတယ်။ အခုဆို  သားလေးရဲ့ ပညာရေးအတွက် အထောက်အပံ့ဖြစ်တဲ့ ငွေကြေး ပမာဏတစ်ခု ရှိနေပြီဆိုတော့ ကျွန်မတို့စိတ်မပူတော့ပါဘူး။ COLGATE သွားတိုက်ဆေးကို လွန်ခဲ့တဲ့သုံးနှစ်လောက်က သားအမိနှစ်ယောက်လုံး သွားကိုက်၊သွားနာတာ ဖြစ်ပြီးတဲ့နောက်ပိုင်း စသုံးဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်မတို့ အိမ်နီးချင်း အားလုံးရော သားလေးရဲ့အတန်းထဲက သူငယ်ချင်းတွေရော သူတို့ဘဝကို ကူညီထောက်ပံ့ပေးနိုင်မယ့် ဆုတွေ ဆွတ်ခူး နိုင်ဖို့ မျှော်လင့်ချက်နဲ့ COLGATE သွားတိုက်ဆေးကိုသုံးနေကြပါပြီ ” ဟုဒေါ်ခင်မာချိုမှ ဝမ်းသာစွာ ရင်ဖွင့်ပြောဆိုခဲ့သည်။

 

Colgate အင်ဒိုချိုင်းနား ၏ အထွေထွေမန်နေဂျာ၊ Mr Kunal Chadha မှ “ ကျွန်တော်တို့ COLGATE ကနေ မြန်မာနိုင်ငံ ပြည်သူတွေအတွက် သွားနဲ့ခံတွင်း ကျန်းမာရေးနဲ့ ပညာရေးလိုအပ်ချက်တွေ တတ်နိုင်သလောက် အကောင်းဆုံး ဖြည့်ဆည်းပေးဖို့ စိတ်ပိုင်းဖြတ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် အခုလို ပထမဆုကို ပထမဆုံး ဆွတ်ခူး ရရှိသွားသူကို ကြေညာပေးရတာ အရမ်းပဲဝမ်းမြောက်မိပါတယ်။ ဒီပညာသင်ဆုက မောင်ဝေဟင်ကျော်ကို သူ့ရဲ့ အရည်အချင်းတွေ အကောင်းဆုံးဖြစ်အောင် ကြိုးစားရာမှာ ကောင်းမွန်တဲ့သက်ရောက်မှု၊ အထောက်အပံ့တစ်ခု ဖြစ်လိမ့် မယ်လို့ ကျွန်တော်ယုံကြည်တဲ့အတွက် မခင်မာချိုနဲ့ မိသားစုကို ဝမ်းမြောက်စွာ ဂုဏ်ပြုပါတယ်။ ဒါပေမယ့် ဆုတွေ အများကြီးရှိသေးလို့ COLGATE ကိုပျော်ရွှင်စွာ ဝယ်ယူသုံးစွဲကြပြီး ကံထူးသူတွေ ထပ်ပြီးထွက်ပေါ်လာဖို့ ဆုတောင်းပေးပါတယ်” ဟုပြောကြားခဲ့ပါသည်။

 

ကလေးများအတွက် ပညာရေးဆိုင်ရာ လိုအပ်ချက်များအား ကူညီထောက်ပံ့ပေးခြင်းသည် COLGATE – PALMOLIVE ၏ အဓိကကျသည့် လူမှုအကျိုးပြုလုပ်ငန်းဆိုင်ရာ သန္နိဋ္ဌာန်တစ်ခုဖြစ်ပြီး COLGATE – PALMOLIVE မှ ကမ္ဘာတစ်ဝှမ်းတွင် အမှန်တကယ် လိုအပ်လျက်ရှိသည့် ကလေးငယ်များကို ကူညီပံ့ပိုးပေးခြင်း အစီအစဉ်များ၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်သည်။ ကလေးများအတွက် နှစ်စဉ် လုပ်ဆောင်ပေးလျက်ရှိသည့် “ သွားနှင့်ခံတွင်း ကျန်းမာရေးလပတ်”၊  “တောက်ပ သောအပြုံး တောက်ပသောအနာဂတ်များ” စသည့် အစီအစဉ်များ မှတဆင့် ယနေ့အချိန်အထိ ကလေးငယ်ပေါင်း သန်း ၈၀၀ ကျော်ကို အကူအညီပေးနိုင်ခဲ့ပြီးဖြစ်သည်။

ယခုပညာသင်ဆု အစီအစဉ်တွင် ပညာသင်ဆု ဆွတ်ခူးရရှိသူများကို ၂၀၁၇ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့မတိုင်မီ ကြေညာပေးသွားမည်ဖြစ်ပြီး စက်တင်ဘာလ (၃၀) ရက်နေ့ထက် နောက်မကျဘဲ ဆုများအား ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ပါသည်။ ယခုအစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ် သတင်းအချက်လက်များကို သိရှိလိုပါက  01-2399300  (သို့) Colgate Myanmar Facebook စာမျက်နှာတွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

 

Colgate-Palmolive Company အကြောင်း

Colgate Palmolive သည် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတစ်ခု ဖြစ်ပြီး၊ သွားနှင့် ခံတွင်းကျန်းမာရေး၊ တစ်ကိုယ်ရည်ကျန်းမာရေး၊ မိသားစုကျန်းမာရေး နှင့် အိမ်မွေးတိရစ္ဆာန် အာဟာရဖွံ့ဖြိုးရေးတို့အပေါ် အဓိကထားပြီး လုပ်ဆောင်လျက်ရှိသည်။ Colgate Palmolive ၏ထုတ်ကုန်များကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့်နယ်မြေပေါင်း ၂၀၀ ကျော်တွင် နိုင်ငံတကာအသိမှတ်ပြု အမှတ်တံဆိပ် များဖြစ်သည့် Colgate, Palmolive, Mennen, Softsoap, Irish Spring, Protex, Sorriso, Kolynos, elmex, Tom’s of Maine, Sanex, Ajax, Axion, Soupline, Suavitel, Hill’s Science Diet နှင့် Hill’s Prescription Diet စသည်တို့ကို ရောင်းချပေးလျက်ရှိသည်။ Colgate-Palmolive ၏ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ထပ်မံသိရှိလိုပါက ကုမ္ပဏီ၏ Website www.colgatepalmolive.com တွင်ဝင်ရောက် လေ့လာနိုင်ပြီး Colgate Bright Smiles, Bright Futures®နှင့် Colgate ၏ ကမ္ဘာလုံးဆိုင်ရာ သွားနှင့် ခံတွင်း ကျန်းမာရေး အစီအစဉ်များအကြောင်း ထပ်မံသိရှိလိုပါက www.colgatebsbf.com တွင်လေ့လာနိုင်ပါသည်။ ”

 

 

 

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *