YANGON, Myanmar, 26 July 2017 – LG Electronics, the global leading home appliance manufacturer, has provided ten public and private hospitals in Yangon and Mandalay with its cutting-edge Mosquito-Away technology. The initiative is part of the company’s efforts to make its technology available to the people that need it the most and follows the plans outlined by LG Electronics’ Managing Director, Mr. Paul Park at LG’s Valuable Night earlier this year.
Protecting inpatients from life-threatening diseases
While hospitalized, patients are under their most vulnerable conditions, and a healthy and safe environment is vital to their recovery. LG Electronics has therefore partnered with ten private and public hospitals in Yangon and Mandalay by providing each of them a Mosquito-Away TV for free. The hospitals and clinics benefiting from the program today are Samitivej, Alone Children Hospital, New Yangon General Hospital, Yankin Children Hospital, Doctor Aung Tun Oo Children Clinic in Yangon and 550 Bedded Mandalay Children Hospital, Mandalay General Hospital, 300 Bedded Mandalay Teaching Hospital, Mandalay Orthopedic Hospital and Mandalay Women Hospital in Mandalay.
“Our drive for innovation is never-ending, we continue to seek new ways to solve the problems people in Myanmar can encounter and that is what our latest Mosquito-Away technologies are all about. Bringing value and providing technologies and products that are able to positively impact the way we live and protect us from surrounding life-threats. Our recent partnership with Myanmar’s hospitals aims at protecting the most vulnerable” said Mr. Ki Nam Lee, Home Electronics Product Manager of LG Electronics Myanmar.
Why are mosquitoes a serious threat
The partnership LG Electronics concluded with 10 Myanmar hospitals is a chance to protect hospitals and inpatients from the deadliest animal in the World: the mosquito.
Over 3,000 mosquito species can be found in the world with the largest concentrations in tropical regions such are Thailand, the Philippines, Indonesia and Myanmar. With the global population growing, mosquito-borne diseases have become the leading cause of human death worldwide. Mosquitoes carry wide spread infections, often deadly such are Malaria, Dengue, yellow fever, Japanese encephalitis, and many more. According to the World Health Organization, every year, mosquitoes infect over 300 million people with Malaria and Dengue only.
Mosquito-Away technology powers safer environment
Adapted to Myanmar-like tropical countries, and aiming at improving the country’s health standards, LG Electronics’ Mosquito-Away Technology is chemical-free and a human-friendly smart technology. Mosquito-Away products feature ultrasonic waves which attacks mosquitoes’ nervous system and force them away. The waves are emitted at high frequencies (over 34k KHz), making them inaudible and harmless to human beings.
The technology was tested in controlled laboratory settings and earned international scientific recognition from bodies such as the European Union or the global inspection, training and product testing firm TUV NORD. The tests conducted worldwide estimated that Mosquito-Away technologies have an overall average repel rate of 72.5%.
“In hospitals, sick people are weak and in their most vulnerable state of health. For this reason, it is vital to reduce risks of contamination and make their condition any worse. It is then very important to create safe
hospitals, keeping mosquitoes away from inpatients and children. I believe the Mosquito-Away technology is a good way to achieve it” explained Dr. Tin Maung Htwe, an experienced public health doctor.
LG Electronics started the “Mosquito-free hospitals” program in the country’s two biggest cities for a reason: Yangon and Mandalay show the biggest densities of population in Myanmar and therefore the highest risks of seeing infected mosquitoes proliferate. LG Electronics is aware of the positive impact Mosquito-Away technologies could have in rural parts of the country as well and is now looking at expanding the program to other hospitals.
“We believe prevention is key in modern medicine. LG Electronics’ Mosquito-Away technology helps us protect our patients when they are most vulnerable. Knowing that they are safe from mosquito bites, we can now pay more attention to improving other medical care procedures and our healthcare standards” said Dr. Nyunt Nyunt Wai, Medical Superintendent of New Yangon General Hospital.

 

LG Electronics က ခြင်အန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်ကာ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ဆေးရုံ ၁၀ ခုကို ခြင်ပြေးနည်းပညာများ ပံ့ပိုးကူညီ 

၂၀၁၇  ဇူလိုင်လ ၂၆ ရက်၊ ရန်ကုန်။ ။ ကမ္ဘာ့ထိပ်တန်း အီလက်ထရောနစ်ကုမ္ပဏီ LG Electronics သည် နောက်ဆုံးပေါ် ခြင်ပြေးနည်းပညာဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ပြည်သူ့ကျန်းမာရေးဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံ (၁၀) ခုကို ပံ့ပိုးကူညီ ပေးခဲ့သည်။ ယခုနှစ်အစောပိုင်းကကျင်းပခဲ့သည့် LG ၏ Valuable Night ပွဲကြီးတွင် LG Electronics ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Paul Park က ပြောကြားခဲ့သော အစီအစဉ်များအရ ဤပံ့ပိုးပေးမှုကို ဆောင်ရွက်ခြင်း ဖြစ်ပြီး ဤနည်းပညာကို အမှန်တကယ်လိုအပ်သူများထံသို့ အရောက်ပို့ဆောင်ပေးလိုသည့် LG ၏ အားထုတ်ကြိုးပမ်းမှုများ ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

 

လူနာများကို အသက်အန္တရာယ်ဖြစ်စေနိုင်သောရောဂါများမှ ကာကွယ်ပေးခြင်း

ရောဂါဝေဒနာကြောင့်ဆေးရုံတက်နေရသည့်လူနာများသည် ခုခံအားအလွန်နည်းသောအခြေအနေမျိုးတွင် ရှိနေတတ်ကာ၊ ၎င်းတို့အမြန်ဆုံးပြန်လည်ကျန်းမာလာရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်ကာ အန္တရာယ်ကင်းသည့် ပတ်ဝန်းကျင်တစ်ခု မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် LG Electronics အနေဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ ပြည်သူ့ကျန်းမာရေးဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံ (၁၀) ခုတို့ဖြင့်ပူးပေါင်းကာ ၎င်းဆေးရုံများကို ခြင်ပြေးနည်းပညာ ပါဝင်သောတီဗီများ ပံ့ပိုးကူညီခဲ့သည်။ ဤပံ့ပိုးကူညီမှုရရှိထားသောဆေးရုံများမှာ ရန်ကုန်မြို့တွင် ဆစ်မီတဝေ့ဆေးရုံ (Samitivej Hospital) ၊ အလုံကလေးဆေးရုံ၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ ရန်ကင်းကလေးဆေးရုံ၊ ဒေါက်တာအောင်ထွန်းဦး ကလေးဆေးခန်း၊ မန္တလေးမြို့တွင် ကုတင် ၅၅၀ မန္တလေးကလေးဆေးရုံ၊ မန္တလေးအထွေထွေရောဂါကုဆေးရုံ၊ ကုတင် ၃၀၀ မန္တလေး သင်ကြားရေးဆေးရုံ၊ မန္တလေးအရိုးဆေးရုံ၊ မန္တလေးအမျိုးသမီးဆေးရုံ တို့ဖြစ်သည်။

 

“ကျွန်တော်တို့အနေနဲ့ တီထွင်ဆန်းသစ်မှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်နေပြီး၊ မြန်မာပြည်သူတွေကြုံတွေ့နေရတဲ့ ပြဿနာတွေကိုဖြေရှင်းပေးနိုင်ဖို့ နည်းလမ်းတွေကိုလည်း အမြဲရှာဖွေနေပါတယ်။ ကျွန်တော်တို့ရဲ့ အခုနောက်ဆုံးပေါ် ခြင်ပြေးနည်းပညာဟာ ဒီအချက်ကို အခြေခံထားပါတယ်။ ကျွန်တော်တို့ရဲ့နေထိုင်မှုပုံစံကို ကောင်းကျိုးပေးပြီး ပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့ရောဂါတွေရန်က ကာကွယ်ပေးနိုင်မယ့် ဒီနည်းပညာနဲ့ထုတ်ကုန်ပစ္စည်းတွေကို ပံ့ပိုးကူညီ ပေးနေပါတယ်။ မကြာသေးမီက မြန်မာနိုင်ငံမှာရှိတဲ့ဆေးရုံတွေနဲ့လက်တွဲဆောင်ရွက်မှုဟာ   ရောဂါကူးစက်ခံရဖို့ လွယ်တဲ့ လူနာတွေကို အကာအကွယ်ပေးထားနိုင်ဖို့ပဲဖြစ်ပါတယ်။” ဟု LG အီလက်ထရောနစ်မြန်မာကုမ္ပဏီ၏ Home Electronics Product Manager ဖြစ်သူ Mr. Ki Nam Lee က ဆိုသည်။

 

ခြင်များသည် အဘယ်ကြောင့် အန္တရာယ်ရှိသနည်း

LG Electronics ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ ဆေးရုံ ၁၀ ခုတို့ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်လိုက်နိုင်ခြင်းသည် ကမ္ဘာ့အန္တရာယ်အရှိဆုံးသတ္တဝါဖြစ်သော ခြင်များ၏ အန္တရာယ်မှ ဆေးရုံများနှင့်လူနာများကို ကာကွယ်ပေးနိုင်မည့် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။

 

ကမ္ဘာတစ်ဝန်းတွင် ခြင်မျိုးစိတ်ပေါင်း ၃၀၀၀ ကျော်တွေ့ရှိရပြီး၊ ၎င်းတို့ကို ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာနိုင်ငံတို့ ကဲ့သို့သော အပူပိုင်းဒေသများတွင် အများဆုံးတွေ့ရတတ်သည်။ ကမ္ဘာ့လူဦးရေပိုမိုထူထပ်လာသည်နှင့်အမျှ ကမ္ဘာ တစ်ဝန်းတွင် ခြင်ကြောင့်ဖြစ်ပွားတတ်သောရောဂါများလည်း လူသေဆုံးမှုအများဆုံးဖြစ်ပွားစေသော အကြောင်းရင်းတစ်ခု ဖြစ်လာပြီဖြစ်သည်။ ခြင်များသည် ကူးစက်ရောဂါပိုးအမြောက်အများကို သယ်ဆောင်ပြီး သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ Yellow Fever ၊ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါတို့ကဲ့သို့သော အသက်အန္တရာယ်ဖြစ်စေတတ်သည့်ရောဂါများ လည်းပါဝင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization) ၏အဆိုအရ ခြင်ကိုက်ခံရမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်း ၃၀၀ ကျော်သည် သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါများ ကူးစက်ခံရလျက်ရှိသည်။

 

ခြင်ပြေးနည်းပညာသည် အန္တရာယ်ကင်းသောပတ်ဝန်းကျင်ဖန်တီးပေးနိုင်

မြန်မာနိုင်ငံ၏ ကျန်းမာရေးစံနှုန်းများကို မြှင့်တင်ပေးရန်ရည်ရွယ်၍ LG Electronics က မြန်မာကဲ့သို့သော အပူပိုင်းနိုင်ငံများ အတွက်အထူးတီထွင်ထားသည့် ခြင်ပြေးနည်းပညာသည် ဓာတုပစ္စည်းကင်းစင်ကာ လူတို့အတွက် အန္တရာယ်ကင်းစေသည်။ ခြင်ပြေးထုတ်ကုန်များမှ Ultrasonic Wave ထုတ်လွှတ်သော နည်းပညာသည် ခြင်များ၏အာရုံကြောစနစ်ကို ဟန့်တားကာ ခြင်များကိုမောင်းထုတ်လိုက်ခြင်းဖြစ်ပြီး၊ ၎င်း Wave များကို လူများမကြားနိုင်သော အန္တရာယ်ကင်းသည့် ကြိမ်နှုန်း (34k KHz ကျော်ခန့်) ထုတ်လွှတ်ခြင်း ဖြစ်သည်။

 

ဤနည်းပညာကို အသိအမှတ်ပြုဓာတ်ခွဲခန်းများတွင် ဆန်းသပ်စစ်ဆေးထားပြီးဖြစ်ကာ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာလုံးဆိုင်ရာ စစ်ဆေးမှု၊ သင်တန်းပေးခြင်းနှင့် ကုန်ပစ္စည်းစစ်ဆေးသည့် အဖွဲ့အစည်းဖြစ်သော TUV NORD တို့ကဲ့သို့ အဖွဲ့အစည်းများ ထံမှ အပြည်ပြည်ဆိုင်ရာသိပ္ပံနည်းပညာအသိအမှတ်ပြုလက်မှတ်တို့ကိုလည်း ရရှိထားပြီးဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် စစ်ဆေးမှုရလဒ်များအရ ခြင်ပြေးနည်းပညာ၏ ပျမ်းမျှခြင်ပြေးနှုန်းသည် ၇၂.၅ ရာခိုင်နှုန်း ရှိသည်။

 

“ရောဂါကိုယ်စီနဲ့ ဆေးရုံတက်နေရတဲ့ လူနာတွေရဲ့ ကျန်းမာရေးအခြေအနေဟာ အားနည်းတဲ့အနေအထားမှာရှိနေပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ သူတို့တွေရဲ့လက်ရှိကျန်းမာရေးကို ပိုဆိုးမသွားစေဖို့နဲ့ ခြင်ကိုက်ခံရတာကြောင့် ထပ်မံပြီး ကူးစက်ရောဂါတွေမဖြစ်စေဖို့ အလွန်အရေးကြီးပါတယ်။ လူနာတွေနဲ့ကလေးတွေအတွက် ခြင်အန္တရာယ်ကင်းဝေးတဲ့ ဆေးရုံတွေဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ခြင်ပြေးနည်းပညာဟာ ဒီလိုဆေးရုံမျိုးတွေဖန်တီးပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။” ဟု ဝါရင့်ပြည်သူ့ကျန်းမာရေးပညာရှင်ဖြစ်သူ ဒေါက်တာတင်မောင်ထွေးက ဆိုသည်။

 

LG Electronics အနေဖြင့် “ခြင်ကင်းစင်သည့် ဆေးရုံများ” အစီအစဉ်ကို မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စတင်ဖော်ဆောင်ခဲ့သည့်အကြောင်းမှာ ၎င်းမြို့ကြီးများသည် နိုင်ငံတွင်းလူဦးရေအထူထပ်ဆုံး နေထိုင်သည့်မြို့ကြီးများဖြစ်ကာ၊ ခြင်ကြောင့်ကူးစက်ရောဂါဖြစ်ပွားနိုင်ခြေအများဆုံး နေရာများဖြစ်ခြင်းကြောင့်ဖြစ်သည်။ LG Electronics အနေဖြင့် ခြင်ပြေးနည်းပညာသည် မြန်မာနိုင်ငံ၏ကျေးလက်ဒေသများတွင်လည်း အကျိုးပြုနိုင်ကြောင်း ယုံကြည်သည့်အလျောက် ဤပံ့ပိုးမှုအစီအစဉ်ကို အခြားဆေးရုံများတွင်လည်း ထပ်မံတိုးချဲ့ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

 

“ခေတ်သစ်ဆေးပညာမှာ ကာကွယ်ခြင်းက အဓိကကျပါတယ်။ အခုဆိုရင် LG Electronics ရဲ့ ခြင်ပြေးနည်းပညာကို အသုံးပြုပြီး ကျွန်မတို့ရဲ့လူနာတွေကို ခြင်အန္တရာယ်က ကာကွယ်ပေးနိုင်ပါပြီ။ လူနာတွေမှာ ခြင်ကိုက်ခံရမှု မဖြစ်ပွားနိုင် တော့ဘူးဆိုတာသိထားတဲ့အတွက် ကျွန်မတို့အနေနဲ့ ဆေးကုသမှုအပိုင်းတွေနဲ့ ဆေးကုသပေးမှုစံနှုန်းတွေကို ပိုမိုမြှင့်တင် သွားနိုင်တော့မှာဖြစ်ပါတယ်။” ဟု အထွေထွေရောဂါကုဆေးရုံသစ်ကြီး (ရန်ကုန်) ၏ ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ညွန့်ဝေ က ဆိုသည်။

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *