27 July 2017 – Myanmar – AAT (Association of Accounting Technicians), the world’s leading qualification and professional body for technical accountants and bookkeepers with over 140,000 members in 100 countries, announced today they will be launching more training courses in the coming weeks in Myanmar. These will provide accounting qualifications to train up skilled accountants in response to the rapid economic growth in the country.
AAT qualifications are internationally recognised, with AAT the only accounting technician body to be a full member of IFAC (International Federation of Accountants). The qualifications are offered in Yangon through MAS Education and Excellent Choice Institute of Finance and Management, with plans in place to expand into Mandalay. Studying for the qualifications costs from 400,000 to 600,000 Myanmar Kyats.
Three different Accounting Qualifications are offered to help train individuals in the skills they need to enter the workplace in a wide variety of accounting roles.
1. The Foundation Qualification is highly recommended for training staff in roles such as accounts administrator, bookkeeper, and payroll administrator.
2. The Advanced Qualification is designed to train staff in roles such as accounts payable staff, finance assistants, and payroll supervisors.
3. The Professional Qualification, the highest level, is recommended to train staff roles like payroll managers, senior bookkeepers, and senior finance officers.
“The economy is growing, but to maintain momentum in potentially tough global and local conditions, it is essential to begin investing in the country’s financial skills. This is where AAT comes in; we have the objective of delivering practical finance skills through our qualifications, these will add value to businesses and help them be in the best position to succeed,” said AAT International Development Manager Justin Kyriakou. “Financial management is at the heart of every business, so economies need highly skilled accountants and accounting technicians to facilitate growth.”
“To support their growth, organizations need more qualified accountants. But there is a shortage of them at the moment,” said Thura Shein, CEO of MAS Education. “The London Chamber of Commerce & Industry (LCCI) qualifications are popular, but we have found that they are not always suitable for the practical work place. This is why we are now offering the AAT qualifications, which are very flexible, related to practical work, and the perfect level for our students.”
Aye New Than, who is studying AAT’s Advanced Qualification at MAS Education said: “I like AAT because it is flexible. I am working with a non-governmental organisation, and I can still study for the AAT qualification while working, and it also relates very much to my job. I mainly like learning about Indirect Tax, Budgeting, and Fixed and Flexible Budgeting, and I have also enjoyed learning about businesses such as sole traders and partnerships, which I didn’t know about before.”
Thwe Thant Zin, who is studying AAT’s Professional Qualification at MAS says: “I can apply the AAT qualification at the company where I am currently an employee. The topic I like studying most is AAT’s Involved Management, because I think it will help me to manage my business very well when I set up my own small business.”
Courses are starting in July and August 2017, with another cohort expected to start later in the year. Training providers will be enrolling new students every quarter. Prospective students will need to get in touch with a training provider to discuss enrolment options, tuition fees, and find out further information.
Association of Accounting Technicians (AAT) entering Myanmar to facilitate economic growth AAT is a registered charity. No. 1050724
MAS Education is based in the Botahtaung Township of Yangon, and can be contacted at +95 9 78500 3499. Excellent Choice is based in the Sanchaung Township, and can be contacted at +95 1 534 160.
To find out more information about AAT training courses in the region, please visit aat.org.uk/myanmar.
About AAT
AAT (Association of Accounting Technicians) is a world leading qualification and professional body for technical accountants and bookkeepers, with over 140,000 members in 100 countries. We offer a range of qualifications that are open to all regardless of previous education or age, such as the AAT Accounting Qualifications that can provide a route into chartered accountancy, and the AAT Bookkeeping Qualifications that can support business growth through accurate and up-to-date financial records. Students encompass a wide range from school and college leavers, to older people hoping to change their career or learn the skills to run their own business.
An AAT Accountant is a qualified accounting professional with the practical and technical skills needed to support businesses with their accounting activities. Typical job roles of an AAT Accountant include: Financial Accountant, Commercial Analyst, Senior Finance Officer, Payroll Manager, VAT Accountant and Tax Supervisor.
For more information, please visit www.aat.org.uk.

 

မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ပေးရန်အတွက်
UK အခြေစိုက် Association of Accounting Technicians (AAT) အဖွဲ့အစည်းမှ မြန်မာနိုင်ငံသို့စတင်ဝင်ရောက်ခြင်း

မြန်မာနိုင်ငံတွင် ချာတာစာရင်းကိုင်ကျွမ်းကျင်ပညာရှင် (chartered accountant) ဦးရေ (၈၀၀) ခန့်သာရှိသေးသည့်အတွက် စာရင်းကိုင်ပညာရှင်များစွာ လိုအပ်နေသေးသည်။
AAT (UK)မှ ရန်ကုန်မြို့တွင် လေ့ကျင့်ရေးသင်တန်းများနှင့် အရည်အချင်းအသိအမှတ်ပြုအတန်းများ ဖွင့်လှစ်ပို့ချလျက်ရှိသည်။
၂၇ ဇူလိုင်လ ၂၀၁၇၊ မြန်မာ။ ။ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကျော်တွင် အဖွဲ့ဝင်ပေါင်း (၁၄၀,၀၀၀) ကျော်ရှိသော ကျွမ်းကျင်သည့်စာရင်းကိုင်ပညာရှင်များစွာ မွေးထုတ်ပေးရာ ကမ္ဘာ့ထိပ်တန်းအရည်အချင်းပြည့်မီသည့် စာရင်းကိုင် ပညာရှင်များအသင်း [Association of Accounting Technicians (AAT)]မှ များမကြာမီအတွင်း မြန်မာနိုင်ငံတွင် သင်တန်းပေါင်းများစွာ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယနေ့ကြေညာလိုက်ပါသည်။ နိုင်ငံတွင်း လျင်မြန်စွာတိုးတက် ပြောင်းလဲလာသော စီးပွားရေးနှင့်အညီ ကျွမ်းကျင်သောစာရင်းကိုင်ပညာရှင်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အရည်အချင်းပြည့်မီသော စာရင်းအင်းပညာဘာသာရပ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပို့ချပေးသွားပါမည်။
AAT၏ အရည်အချင်းလက်မှတ်များကို နိုင်ငံတကာမှ အသိအမှတ်ပြုကာ IFAC (International Federation of Accountants)၏ အဖွဲ့ဝင်စစ်စစ်ဖြစ်ရန်လက်ခံပေးသည့် တစ်ခုတည်းသောအဖွဲ့အစည်းတစ်ရပ်လည်းဖြစ်သည်။ သင်တန်းများကို ရန်ကုန်မြို့တွင် MAS Education Center နှင့် Excellent Choice Institute of Finance and Management တို့၌သင်ယူနိုင်ပြီး ယခုအခါ မန္တလေးတွင် တိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိသည်။ သင်တန်းကြေးမှာ ကျပ် ၄၀၀,၀၀၀မှ ကျပ် ၆၀၀,၀၀၀ အထိရှိသည်။
လုပ်ငန်းခွင်အတွင်း ကျယ်ပြန့်သော စာရင်းကိုင်ပညာရပ် အခန်းကဏ္ဍအမျိုးမျိုးအတွက် ကွဲပြားသော စာရင်းကိုင်အရည်အချင်း လက်မှတ် (၃)မျိုးကို တစ်ဦးတစ်ယောက်ခြင်းစီအတွက် ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
1. အခြေခံ အရည်အချင်းလက်မှတ်သည် စာရင်းကိုင်အရာရှိများ၊ စာရင်းမှတ်တမ်းထိန်းသိမ်းသူများနှင့် လစာစီမံ ခန့်ခွဲသူများအတွက် အထူးသင့်လျော်ပါသည်။
2. အဆင့်မြင့် အရည်အချင်းလက်မှတ်သည် ငွေစာရင်း ပေးချေမှုဆိုင်ရာ ဝန်ထမ်းများ၊ လက်ထောက် ဘဏ္ဍာရေးမှူးများ နှင့် လစာခန့်ခွဲသူအရာရှိများအတွက် အထူးစီစဉ်ထားသော သင်တန်းဖြစ်သည်။
3. ကျွမ်းကျင် အရည်အချင်းလက်မှတ်သည် အမြင့်မားဆုံးအဆင့်ဖြစ်ပြီး လစာခန့်ခွဲသူမန်နေဂျာများ၊ အကြီးတန်း စာရင်းမှတ်တမ်းထိန်းသိမ်းသူများနှင့် အကြီးတန်း ဘဏ္ဍာရေးမှူးများအတွက် အထူးသင့်လျော်ပါသည်။
မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ပေးရန်အတွက်
UK အခြေစိုက် Association of Accounting Technicians (AAT) အဖွဲ့အစည်းမှ မြန်မာနိုင်ငံသို့စတင်ဝင်ရောက်ခြင်း AAT is a registered charity. No. 1050724
“စီးပွားရေးကတော့ တိုးတက်နေပါတယ်။ ဒါပေမယ့် ခက်ခဲကြမ်းတမ်းဖွယ်ရှိတဲ့ ပြည်တွင်းပြည်ပ အခြေနေအရပ်ရပ်နဲ့ အရှိန်အဟုန်မပြတ် ရင်ဘောင်တန်းနိုင်ဖို့ရာ နိုင်ငံရဲ့ဘဏ္ဍာရေးဆိုင်ရာ အရည်အသွေးတွေပြည့်မီဖို့အတွက် ရင်းနှီးမြှပ်နှံမှုတွေကို စတင်လုပ်ကြဖို့ အရေးကြီးပါတယ်။ ဒီအတွက်လည်း AAT ဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်။ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကလည်း လက်တွေ့ကျတဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးတွေ ဝေမျှဖို့ပါပဲ။ ဒါဟာ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုကောင်းမွန်စေပြီး အောင်မြင်ဖို့အတွက် အကောင်းဆုံးအနေအထားကိုရောက်အောင် ကူညီပံ့ပိုးပေးပါတယ်။” ဟု AAT International Development Manager Justin Kyriakou မှပြောကြားခဲ့ပါသည်။ “ဘဏ္ဍာရေးဆိုင်ရာ စီမံကွပ်ကဲမှုဟာ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ အချက်အခြာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွမ်းကျင်မှု မြင့်မားတဲ့စာရင်းကိုင်ပညာရှင်တွေနဲ့ စာရင်းကိုင်နည်းပညာတွေဟာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးလုပ်ငန်းတိုင်းမှာ ရှိဖို့လိုအပ်ပါတယ်။”
“ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဖွဲ့အစည်းတိုင်းမှာ အရည်အချင်းပြည့်မီတဲ့ စာရင်းကိုင်တွေလိုအပ်ပါတယ်။ ဒါပေမဲ့ အခု လက်ရှိမှာတော့ ရှားပါးနေပါသေးတယ်” ဟု MAS ရဲ့ CEO ဖြစ်သူ ဦးသူရရှိန် က ပြောကြားခဲ့ပါသည်။ “The London Chamber of Commerce & Industry (LCCI) လက်မှတ်ရတွေကတော့ ပေါ်ပြူလာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့တွေက တကယ့်လက်တွေ့လုပ်ငန်းခွင်မှာ လုပ်ကိုင်ဖို့ရာ အသင့်မဖြစ်သေးဘူး။ ဒီအတွက်လည်း ကျွန်တော်တို့က လိုက်လျောညီထွေမှု ရှိပြီး လက်တွေ့လုပ်ငန်းခွင်နဲ့လည်း ဆက်စပ်မှုရှိတဲ့အပြင် ကျွန်တော်တို့ကျောင်းသားတွေရဲ့ အဆင့်နဲ့လည်း ကိုက်ညီမှုရှိတဲ့ AAT အရည်အသွေးလက်မှတ်တွေရမယ့် သင်တန်းတွေကို ပို့ချပေးနေတာဖြစ်ပါတယ်”
“ကျွန်မကတော့ AAT ကိုကြိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒါက လိုက်လျောညီထွေမှုရှိတယ်။ ကျွန်မက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေပြီး အလုပ်တစ်ဖက်နဲ့ ဒီ AAT သင်တန်းကိုတက်လို့ရတယ်။ နောက်ပြီး ကျွန်မအလုပ်နဲ့လည်း ဆက်စပ်မှုတွေအများကြီးရှိပါတယ်။ အထူးသဖြင့် သွယ်ဝိုက်သောအခွန်၊ ဘဏ္ဍာရေးစီမံရေးဆွဲမှု၊ ပုံသေနဲ့ ပုံသေမဟုတ်တဲ့ ဘဏ္ဍာရေးစီမံရေးဆွဲမှုတွေကို သဘောကျတယ်။ အရင်က မသိခဲ့တဲ့ တစ်ဦးတည်းပိုင် ကုန်သည်အကြောင်းနဲ့ ဖက်စပ်လုပ်ငန်းအကြောင်းတွေလည်း သိရှိနားလည်ခဲ့ရတယ်” ဟု MAS Education Center တွင် AAT ၏ အဆင့်မြင့် အရည်အချင်းအတန်းတွင် တက်ရောက်နေသူ မအေးနွယ်သန်းက ပြောကြားခဲ့ပါသည်။
“AAT မှာတတ်မြောက်ခဲ့တာတွေကို ကျွန်မအခု အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာ အသုံးချလို့ရပါတယ်။ ကျွန်မအကြိုက်ဆုံး ခေါင်းစဉ်ကတော့ Involved Management လို့ခေါ်တဲ့ AAT ရဲ့ စီမံခန့်ခွဲမှုတွင် ပါဝင်ပတ်သက်ခြင်းပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲ့ဒါဟာ ကျွန်မကိုယ်ပိုင် လုပ်ငန်းငယ်လေး တည်ထောင်တဲ့အခါမှာ လုပ်ငန်းရဲ့စီမံခန့်ခွဲမှုအပိုင်းမှာ အများကြီးအထောက်အကူဖြစ်စေမယ်လို့ ထင်ပါတယ်။” ဟု MAS Education Center တွင် AAT ၏ ကျွမ်းကျွင်အရည်အချင်း အတန်းတွင် တက်ရောက်နေသူ မသွယ်သန့်ဇင်က ပြောကြားခဲ့ပါသည်။
သင်တန်းများအား ၂၀၁၇ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နှစ်ကုန်ပိုင်းလောက်တွင်လည်း အတန်းများထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။ လေးလပတ်တိုင်းတွင် သင်တန်းသား AAT is a registered charity. No. 1050724
အသစ်များကို
လက်ခံပေးလျက်ရှိသည်။ တက်ရောက်သင်ယူလိုသော သင်တန်းသူ/ သားများအနေဖြင့် သင်တန်းစီစဉ်သူများနှင့် ဆက်သွယ်၍ စာရင်းသွင်းနိုင်ခွင့်၊ သင်တန်းခ နှင့် အခြားအသေးစိတ်သိလိုသည့် အချက်အလက်များကို စုံစမ်းမေးမြန်းနိုင်ပါသည်။
MAS Education Center သည် ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တွင်တည်ရှိပြီး 09 78 500 3499 သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
Excellent Choice သည် စမ်းချောင်းမြို့နယ်၊ ရန်ကုန်တွင်တည်ရှိပြီး 01 534 160 သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
ဒေသတွင်း AAT သင်တန်းများအကြောင်းအသေးစိတ်သိရှိလိုပါက aat.org.uk/myanmar တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
AAT အကြောင်း
စာရင်းကိုင်ကျွမ်းကျင်အသင်း [Association of Accounting Technicians (AAT)] သည် ကမ္ဘာ့ထိပ်တန်း အရည်အချင်းပြည့်မီသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ စာရင်းကိုင်ကျွမ်းကျင်ပညာရှင်များနှင့် စာရင်းအင်းပြုစုသူ အဖွဲ့ဝင်ပေါင်း ၁၄၀,၀၀၀ ကျော်ပါဝင်ပြီး နိုင်ငံပေါင်း ၁၀၀ကျော်တွင်တည်ရှိသည်။ ပညာအရည်အချင်းနှင့်အသက်အရွယ်များကို အခြေခံခြင်းမပြုပဲ အသိအမှတ်ပြုကျွမ်းကျင်လက်မှတ်များအတွက် စာရင်းအင်းနှင့်ပတ်သက်သောပညာရပ်များကို မည်သူမဆို သင်ယူနိုင်သည်။ သင်ယူနိုင်သော ဘာသာရပ်များမှာ Chartered စာရင်းအင်းအတတ်ပညာရပ်လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင်သော AAT စာရင်းကိုင် ကျွမ်းကျင်ဘာသာရပ်၊ စီးပွားရေးဖွံဖြိုးမှုအတွက် တိကျ၍ အချိန်နှင့်တပြေးညီဖြစ်ပေါ်နေသော ဘဏ္ဍရေးဆိုင်ရာ သတင်းအချက်အလက်များဖြင့် အထောက်အကူဖြစ်စေသော AAT စာရင်းအင်းပြုစုမှုဆိုင်ရာကျွမ်းကျင် ဘာသာရပ်တို့ကို သင်ကြားပေးလျက်ရှိသည်။ ကျောင်းသားများထဲတွင် အခြေခံပညာရေးကျောင်းများနှင့် ကောလိပ်ကျောင်းထွက်များမှအစ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းပြောင်းလဲ လုပ်ကိုင်ဆောင်ရွက်လိုသူများ အပါအဝင် ကိုယ်ပိုင်စီးပွားရေးလုပ်ရန်အတွက် စာရင်းအင်း အတတ်ပညာသင်ယူလိုသူများအဆုံး ကျောင်းသား/သူ များစွာပါဝင်သည်။
AAT စာရင်းကိုင်တစ်ဦးသည် စာရင်းကိုင်ကျွမ်းကျင်ပညာရှင်ဖြစ်ရုံသာမက လက်တွေ့လုပ်ဆောင်ချက်များ၊ နည်းပညာ ကျွမ်းကျင်မှုများဖြင့် စီးပွားရေးလုပ်ငန်းအတွက်လိုအပ်သောစာရင်းအင်းဆောင်ရွက်ချက်များကိုပါ လုပ်ကိုင်နိုင်သူ ဖြစ်သည်။ AAT စာရင်းကိုင်တစ်ဦးအနေဖြင့် ဘဏ္ဍရေးဆိုင်ရာစာရင်းကိုင် (Financial Accountant)၊ စီးပွားရေးဆိုင်ရာ ဆန်းစစ်လေ့လာသူ (Commercial Analyst)၊ အကြီးတန်းဘဏ္ဍရေးမှူး (Senior Finance Officer)၊ လစာစီမံခန့်ခွဲရေးမန်နေဂျာ(Payroll Manager)၊ VAT စာရင်းကိုင်(VAT Accountant) နှင့် အခွန်ကြီးကြပ်ရေးမှူး (Tax Supervisor)များအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။
အသေးစိတ်အချက်အလက်များအတွက် www.aat.org.uk တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
AAT is a registered charity. No. 1050724

 

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *