Sound Weaving
Weaving my memories / Weaving your imaginations
***Free Admission***
(In English Below)

Sound Weaving လို့ အမည်ပေးထားတဲ့ ပရောဂျက်ဟာ တို့ရန်ကုန် တို့အိမ်ရာ ပွဲတော်ရဲ့ ကမကထပြုမှု၊ အမျိုးသားပြတိုက် (ရန်ကုန်) ရဲ့ ကူညီမှုနဲ့အတူ ၂၀၁၇ ခုနှစ်အတွင်းမှာ အစပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒါကို ပရောဂျက်ရဲ့ ပထမပိုင်းလို့ သတ်မှတ်မယ်ဆိုရင် အခုပြပွဲဟာ ပရောဂျက်ရဲ့ ဒုတိယပိုင်း ဖြစ်ပါတယ်။ ပြပွဲမှာ အမြင်ဆိုင်ရာ အင်စတော်လေးရှင်းတစ်ခုနဲ့အတူ အသံပိုင်းဆိုင်ရာ အင်စတော်လေးရှင်းတစ်ခုလည်း ပါဝင်ပါတယ်။ ပုဂ္ဂလိက အမှတ်ရချက်တွေကို အများနဲ့ ဝေမျှဖို့ရာ ဆန္ဒရှိသူတွေရဲ့ စကားသံတချို့ကို ကျွန်တော်/ကျွန်မတို့ အသံသွင်း စုဆောင်းပြီးပါပြီ။ အသင့်ပြန်လည်နားထောင်လို့ရအောင် တည်းဖြတ်ပြီးပါပြီ။ ကြိုတင်ခွင့်ပြုချက် ရယူထားတဲ့ အဲဒီအသံတွေ (စကားတွေ)ကို ပြပွဲအတွင်းမှာ မိုဘိုင်းဖုန်းတွေကတစ်ဆင့် ဝေမျှ ရယူနိုင်ပါပြီ။ ဒါကို ပြန်လည်ရှင်သန်လာတဲ့ ပုဂ္ဂလိကအမှတ်ရချက်တွေလို့ ယူဆပါ။ ဧည့်သည်တွေအနေနဲ့လည်း ကိုယ်ပိုင်အမှတ်ရချက်တွေကို ပြန်လည်ဝေမျှဖို့ စိတ်ကူးရှိလာရင် အသံသွင်းထားရစ်ခဲ့ပါ။
ဟိုး ယခင်ခုနှစ်တွေက အဖိုးတန် တိပ်ခွေတွေနဲ့ အမှတ်တရများစွာကို ပြန်လည်ခံစားနားထောင်ဖို့ အတွက် အမျိုးသားပြတိုက်ကို ပြတိုက်ဖွင့်ချိန်အတွင်း လာခဲ့ဖို့ကို ဖိတ်ခေါ်ပါသည်။

နေရာ – အမျိုးသားပြတိုက်
ရက် – (၁၆ – ၂၂) သြဂုတ်လ (တနင်္လာနေ့ ပြတိုက်ပိတ်ရက် ပိတ်ပါမည်။)
ပြတိုက်ဖွင့်ချိန် – မနက် ၉ခွဲ မှ ညနေ ၄ခွဲ အထိ

Sound Weaving project was initiated by My Yangon My Home Festival and supported by National Museum (Yangon) in 2017. This is the second part of the project after collecting tapes from public, which was the first part. In this exhibition, a visual installation is installed together with an audio installation. People memories and thier remarks about memories to share have been recorded and edited to listen. You can now listen to these permitted voices either with your smart phones or our audio players in the exhibition and feel their memories, live in their times and cherish your own memory too. This can be regarded as reborn public memories. If you wish you can also share your memory and record your voice. So, let there be an environment which values the memories, cassettes and people voices.

Place – National Museum
Dates – From 16 to 22 August (Except Monday, Museum closed day)
Museum Opening Time – 9:30am – 4:30pm

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *