ကမ္ဘာ့ထိပ်တန်း စာတိုပို့ အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Viber သည် H-Life Entertainment နှင့် ဆက်သွယ်ရေး မဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှုကို စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှု သည် “We are Connected” EDM ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့်ပွဲသို့  လာရောက်ကြသည့် ပရိတ်သတ်များအား မိမိတို့၏ အကြံပေးချက်များကို Hotline မှတဆင့် သတင်းပေးနိုင်ရန် ရည်ရွယ်သည်။ “We are Connected” EDM  ဂီတပွဲတော်တွင် နိုင်ငံတကာမှ Alan Walker ၊ Don Diablo၊ Cash Cash၊ Sander Von Doorn အပြင် အခြားသော EDM အနုပညာရှင်များလည်း ဝင်ရောက်ဖျော်ဖြေမည်ဖြစ်သည်။ ထိုကဲ့သို့သော Hotline ဝန်ဆောင်မှုမျိုးကို Viber သည် အက်ပလီကေးရှင်း ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးဆောင်ရွက်ခြင်းဖြစ်သည်။

Hotline ဝန်ဆောင်မှုသည် Viber အက်ပလီကေးရှင်းတစ်ခုတည်းတွင်သာ သီးသန့်ပြုလုပ်ထားခြင်းဖြစ်ပြီး EDM ပွဲကို စိတ်ဝင်စားကြသူများအနေနှင့် ပွဲအကြောင်းအရာနှင့်ပတ်သက်ပြီး ဝေဖန်အကြံပြုချက်များ၊ ထင်မြင်ချက်များနှင့် ပတ်သက်ပြီး သတင်းပေးပို့နိုင်သည်။ Viber အနေနှင့် H-Life Entertainment အား ဗျူဟာမြောက်မိတ်ဖက် အဖွဲ့အစည်းအနေဖြင့် စတင်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ဆောင်ရွက်မှုသည် ကနဦးကတိကဝတ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ EDM နှင့် လူငယ်ဘဝပျော်ရွှင်ဖွယ်ရာ ပွဲများတွင် ပိုမိုပါဝင်လာစေနိုင်ရန်ဖြစ်သည်။

 

Viber ၏ အရှေ့တောင်အာရှဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်အကြီးအကဲဖြစ်သူ Anubhav Nayyar က “စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီEDM ဂီတပွဲတော်မှာ Viber အနေနဲ့တစ်မှုထူးခြားတဲ့ ဝန်ဆောင်မှုမျိုးပေးပြီး ပါဝင်ခွင့်ရတာ အရမ်းကိုပဲ စိတ်လှုပ်ရှားမိပါတယ်။ H-Life Entertainment နဲ့ပူးပေါင်းမှုဟာ မြန်မာနိုင်ငံမှ Viber အသုံးပြုသူများကို အကျိုးဖြစ်ထွန်းစေမှာပါ။” ဟုပြောကြားခဲ့သည်။

 

Viber သည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ခရီးစဉ်တွင် အတူတကွ ပါဝင်မောင်းနှင်လျက်ရှိသည့် ယန္တရားတစ်ခုအဖြစ် ရပ်တည်လျက် ရှိသည်။ မြန်မာနိုင်ငံတွင်းသို့ ပထမဆုံးဝင်ရောက်ခဲ့သည့် စာတိုပို့အက်ပလီကေးရှင်းဖြစ်သည်နှင့်အညီ အသုံးပြုသူပေါင်း

၄၆ သန်းကျော်ဖြင့် Viber သည် ဂုဏ်ယူစွာဖြင့် မြန်မာနိုင်ငံသားများ၏ ယုံကြည်မှုကိုရရှိထားပြီး ဖြစ်ပါသည်။ ယင်းအချက်ကြောင့် Viber အား ပွဲသွားရောက်သူများ ၏ အသံများကို ပြန်လည်နားထောင်သည့် နေရာတွင် အသုံးချရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

 

“ဒီ Hotline နံပါတ်ကနေ တစ်ဆင့် ကျွန်တော်တို့ပွဲကို လာကြမယ့်သူတွေဆီက အကြံပြုချက်တွေ၊ ပွဲမှာဘယ်လိုမျိုးပုံစံ မြင်ချင်တယ်ဆိုတာတွေ နားထောင်ပေးနိုင်မှာ ဖြစ်ပါတယ်။” ဟု H-Life Entertainment ၏ Co-founder နှင့် Creative Director ဖြစ်သူ ကိုကောင်းဆက်က ပြောကြားသည်။ ဆက်လက်ပြီး “ရှေ့လာမယ့် ပွဲတွေကို ပိုမိုကောင်းမွန် လာစေဖို့ ပရိသတ်ရဲ့ ဝေဖန်အကြုံပြုချက်တွေ၊ ထင်မြင်ချက်တွေ လက်ခံရရှိနိုင်အောင် ဒီ Hotline နံပါတ်ကိုဆက်လက်ထားရှိ ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရပြီး ပွဲတွေကို စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးဖြစ်အောင် Viber နဲ့ အတူတူ လက်တွဲ ဆောင်ရွက်ရတဲ့အတွက်ဝမ်းသာပါတယ် ” ဟု ပြောကြားသည်။

 

ယခင်ကျင်းပခဲ့သည့်ပွဲတွင် ပရိတ်သတ်ထောင်ပေါင်းများစွာ လာရောက်အားပေးခဲ့သည့်အတွက် လာမည့် စက်တင်ဘာ

၁၅ ရက်နေ့၊ ရန်ကုန်မြို့ရှိ Thuwannabhumi Event Park တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ‘We Are Connected’ festival သည် EDM ပရိသတ်များအတွက် လက်လွတ်မခံသင့်သည့် ပွဲတော်ဖြစ်လာစေရန်မျှော်လင့်ထားပါသည်။ ယင်းပွဲ၏ အောင်မြင်မှုနှင့်အတူ မြန်မာပြည်တွင် EDM ပရိသတ်များ ပိုမိုများပြားလာသည်နှင့်အမျှ H-Life အနေဖြင့် ယခုနှစ်ပွဲကိုလည်း ယခင်နှစ်က ကျင်းပခဲ့သည့်ပွဲထက် ပိုမိုကြီးကျယ်ခမ်းနားမည်ဟု မျှော်လင့်ထားသည်။

 

Rakuten Viber အကြောင်း

Rakuten Viber သည် မည်သူမဆို၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ်ချိတ်ဆက်ပေးလျက်ရှိသည်။ Viber ၏ ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များ ဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက် ပြောဆိုခြင်း (one-on-one chats) ၊ ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ခ်ျများပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များဖြင့် ဆွေးနွေး စကားပြောခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျက်ရှိသည်။ Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှု ကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Inc. ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် FC Barcelona ၏ တရားဝင် ဆက်သွယ်ရေး မိတ်ဖက် ဖြစ်သည့် အပြင် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက်တစ်ဦးလည်း ဖြစ်သည်။ ယနေ့ပင် Viber အား အသုံးပြုပြီး ကမ္ဘာ့အကောင်းဆုံး ဆက်သွယ်ရေးအတွေ့အကြုံများကို ခံစားရယူနိုင်ပြီဖြစ်သည်။

 

H-Life Entertainment အကြောင်း

2015 တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး H-Life Entertainment သည် မြန်မာနိုင်ငံ၏ သက်တမ်းအကြာရှည်ဆုံး ရပ်တည်လျက်ရှိပြီး၊ လူငယ်လူရွယ်များအတွက် အဓိကထားကျင်းပသည့် ပွဲအခမ်းအနားများထဲတွင် နံပါတ်တစ် ဖျော်ဖြေသူများကို ပရိသတ်ရှေ့အရောက်ပို့ဆောင်ပေးသည့် ပွဲစီစဉ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ H-Life Entertainment အနေဖြင့် Monsoon Madness Music Festival ၊ 808 Festival ၊ Together Music Festival အစရှိသည့် ပွဲများကို အောင်မြင်စွာကျင်းပခဲ့ပြီး We Are Connected 2018 ကို ပထမဆုံးကျင်းပမည်ဖြစ်သည်။

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *