အာရှသမိုင်းတွင် အကြီးမားဆုံး ကမ္ဘာ့အားကစားပြိုင်ပွဲများကို ဦးစီးကျင်းပလျက်ရှိသော ONE Championship™ (ONE) သည် အောက်တိုဘာလ ၂၆ ရက်နေ့ (သောကြာနေ့)၊ သုဝဏ္ဏဘူမိ မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပမည့် ONE: PURSUIT OF GREATNESS ပွဲအတွက် တွဲဆိုင်း အပြည့်အစုံကို ထုတ်ပြန်ကြေညာလိုက်သည်။ အဓိကပွဲစဉ်အနေနှင့် လက်ရှိ ဝမ်းမစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဖြစ်သူ
မြန်မာ့စပါးအုံး အောင်လအန်ဆန်က ၄င်း၏ ချန်ပီယံခါးပတ်ကို ကာကွယ်ရန် လက်ဘနွန်နိုင်ငံသား မိုဟာမတ် ခရာကီ (Mohannma Karaki) နှင့် ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်သည်။

အောင်လအန်ဆန်သည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အအောင်မြင်ဆုံး ကစားသမားတစ်ဦးဖြစ်ပြီး သူ၏ အထင်ကရ ချုပ်ကွက်ဖြင့် “မြန်မာ့စပါးအုံး” ဟူ၍အမည်တွင်ခဲ့သူ ဖြစ်သည်။ တောင်တန်းထူထပ်သော ကချင်ပြည်နယ်ရှိ မြစ်ကြီးနားတွင် မွေးဖွားခဲ့ပြီး ကချင်လူမျိုးအဖြစ် မွေးဖွားကြီးပြင်းလာခဲ့သည်။ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်လ တွင် Vitaly Bigdash အား ချွင်းချက်မရှိ အကဲအဖြတ်ဒိုင်များ၏ ဆုံးဖြတ်မှုဖြင့် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တစ်ဦးအဖြစ် ရပ်တည်လာခဲ့ပါသည်။ ဖေဖော်ဝါရီ ၂၀၁၈ တွင် ဘရာဇီးနိုင်ငံသား Alexandre Machado အား အနိုင်ယူခဲ့ရာမှ ဝမ်းလိုက် ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံအဖြစ် ထပ်မံသရဖူဆောင်းခဲ့ပါသည်။ ယခုအခါတွင် အသက်၃၃နှစ် အရွယ်ရှိပြီဖြစ်သော အောင်လအန်ဆန်သည် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်ရန် မိုဟာမတ် ခရာကီနှင့် ယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်ပါသည်။

လက်ဘနွန်နိုင်ငံသားဖြစ်သူ ကိုယ်ခံပညာမျိုးစုံ ထူးချွန်ကစားသမား မိုဟာမတ် ခရာကီ (Mohammad “O Lutador” Karaki) သည် အသက် ၂၇ နှစ်ရှိသော မစ်ဒယ်ဝိတ်တန်း ကစားသမားဖြစ်ပြီး အရှုံးမရှိဘဲ ပွဲရလဒ်ကို ၉-၀ အထိ မှတ်တမ်းထိန်းနိုင်သူတစ်ဦးဖြစ်သည်။ ဖီးနစ်မစ်ဒယ်ဝိတ်ချန်ပီယံ ခရာကီ (Karaki) သည် အရှေ့အလယ်ပိုင်း၏ အကောင်းဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားများထဲမှ တစ်ဦးဖြစ်သည်။ သူသည် ယခင်က Desert Force လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံတစ်ဦးလည်းဖြစ်သည်။ သူ၏ ၉ ပွဲဆက် အောင်မြင်မှုများတွင် နောက်ဆုံး ခေါင်းလောင်းတီးခဲ့ရသည်အထိ တစ်ကြိမ်သာ ကြာမြင့်ခဲ့ဖူးသည်။ ငါးကြိမ် ချုပ်ကစားခြင်းနှင့် ၃ ကြိမ် အလဲထိုး အပြီးသတ်နိုင်သည့် ကစားကွက်များကြောင့် ခရာကီ (Karaki) သည် ONE အလယ်တန်းဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်အတွက် “မြန်မာ့စပါးအုံး” အောင်လအန်ဆန်နှင့် တွေ့ဆုံသောအခါ အစွမ်းကုန်ကြိုးစားကာ အလဲထိုးသတ်မည်ဟု မျှော်လင့်ဖွယ်ရှိသော ကြောက်ရွံ့စရာ ကစားသမားတစ်ဦးဖြစ်သည်။

အသက် ၃၀ နှစ်ရှိပြီဖြစ်သော ဘရာဇီးနိုင်ငံသား Rafael “Indio” Nunes သည် ပြိုင်ပွဲမှတ်တမ်း ၁၁-၂ ရရှိထားသော ဘရာဇီးနိုင်ငံ Sao Paulo မှ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ဦးဖြစ်ပါသည်။ သူသည် ယခင်က Premier FC Lightweight Champion တစ်ဦးဖြစ်ပြီး နိုင်ငံတွင်းပြိုင်ပွဲများတွင် စိတ်လှုပ်ရှားဖွယ် အလဲထိုးသတ်မှုများဖြင့် အနိုင်ယူလေ့ရှိသူ တစ်ဦးလည်း ဖြစ်ပါသည်။ ဘရာဇီးလီးယမ် ဂျူဂျစ်ဆု အညိုရောင်ခါးပတ်ပိုင်ရှင် ဘရာဇီးနိုင်ငံသား Nunes သည် သူ၏ ပြိုင်ဖက်များကို ချုပ်ကွက် သို့မဟုတ် ကန်ချက်များဖြင့်လည်း အနိုင်ယူတိုက်ခိုက်တတ်သည့် ကစားသမား တစ်ယောက်ဖြစ်သည်။ သူသည် လာမည့်ပွဲစဉ်တွင် သူ၏ စွမ်းရည်မျိုးစုံကို ပြသသွားမည့်ပုံရှိပြီး Movlid Khaibulaev နှင့် ယှဉ်ပြိုင်သည့်အခါ ခက်ခဲသော စိန်ခေါ်မှု ကို ရင်ဆိုင်ရမည် ဖြစ်သည်။

အသက် ၂၈ နှစ်ရှိပြီဖြစ်သော Movlid “Killer” Khaibulaev သည် ပြိုင်ပွဲမှတ်တမ်း ၁၃-၀ ရရှိထားသည့် ရုရှားနိုင်ငံ မော်စကိုမှ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားတစ်ဦးဖြစ်ပါသည်။ Sambo တိုက်ခိုက်မှု ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး ခြေကန်ချက်နှင့် ထိုးနှက်ချက်စွမ်းရည် နှစ်မျိုးစလုံးကို ပိုင်နိုင်စွာ ပေါင်းစည်းအသုံးချနိုင်သူဖြစ်သည်။ သူ၏ အသက်မွေးဝမ်းကြောင်းတစ်လျောက် နိုင်ငံတွင်းပြိုင်ပွဲများတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုအခါ အာရှတစ်ခွင်တွင် အောင်မြင်မှုရယူပြီး Rafael Nunes နှင့် ယှဉ်ပြိုင်ထိုးသတ်ရန် အဆင်သင့်ရှိနေပြီဖြစ်သည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သော ဖိုးသော်သည် အချိန်တိုလေးအတွင်းမှာ လူသိများထင်ရှားလာသော အားကစားသမားတစ်ဦး ဖြစ်ပါသည်။ လက်ဝှေ့၊ အာကီဒို နှင့် ကြိုကူရှင် ကရာတေးတို့၌ ကျွမ်းကျင်သော ဖိုးသော်သည် ယခုအခါ လက်ဝှေ့ နှင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ နှစ်မျိုးလုံး၌ ယှဉ်ပြိုင်လျက်ရှိသည်။၎င်းသည် လက်ရှိ၌ ကြိုးဝိုင်းတွင် ၆-၀ နှင့် မြန်မာ့လက်ဝှေ့တွင် ၃-၀-၂ မှတ်တမ်းရှိထားသည်။ အသက်မွေးဝမ်းကြောင်းတစ်လျောက် ၎င်း၏ ဆက်တိုက်ထိုးနှက်မှုများမှာ ထင်ရှားခဲ့ပြီး တွဲဆိုင်း ၆ ခုတွင် ၅ခုကို အလဲထိုးအနိုင်ယူခဲ့သည်။ ယခုပွဲစဉ်တွင် ၄င်း၏ ပရိတ်သတ်များရှေ့မှောက်သို့ Keanu Subba ကို ယှဉ်ပြိုင်ထိုးသတ်ရန် ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

MIMMA ဖယ်သာဝိတ်တန်းချန်ပီယံဟောင်း Keanu Subba သည် ထိပ်တန်း ONE Championship flyweights မှ ထိပ်တန်း ကစားသမားတစ်ဦးဖြစ်သည့် Gianni Subba ၏ ညီဖြစ်သည်။ ၎င်းသည် အားကစားအကြောင်း အခြေခံထားသည့် Reality Show တစ်ခုကို ကြည့်ပြီးနောက် အစ်ကိုဖြစ်သူ၏ ခြေရာအတိုင်းလိုက်ပြီး ၂၀၀၅ ခုနှစ်တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံကို စိတ်ဝင်စားလာခဲ့သည်။ ယနေ့တွင် သူသည် ဝမ်းချန်ပီယံရှစ်၏ ဖယ်သာဝိတ်တန်းတွင် အလားအလာအရှိဆုံးနှင့် အမြင့်ဆုံးအဆင့် သတ်မှတ်ခံရသူတစ်ဦးလည်းဖြစ်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ပွဲဦးထွက်ခဲ့သော ဝမ်း ပွဲစဉ်များ၌ပင် Subba အနေဖြင့် ပြိုင်ဘက်များစွာအား ပထမအချီ၌ပင် ရပ်တန့်အလဲထိုးနိုင်ခဲ့သည်ချည်းဖြစ်ပြီး ပွဲကြည့် ပရိသတ်များအား စိတ်လှုပ်ရှားစေနိုင်သော အရည်အချင်းရှိသည့် လူငယ်တစ်ဦးလည်းဖြစ်သည်။ ယခုအခါတွင်မူ မြန်မာနိုင်ငံမှ Local Hero ဖိုးသော် နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

Moroccan-Dutch အနွယ်ဝင်တစ်ဦးဖြစ်သူ Ibrahim El Bouni သည် Amsterdam မြို့အတွင်းရှိ ဒေသတစ်ခုဖြစ်သော Haarlem တွင် မွေးဖွားကြီးပြင်းလာခဲ့သည်။ El Bouni သည် ပွဲစဉ်တိုင်းနီးပါးအနိုင်ရရှိစေခဲ့သော သူ၏ ထူးခြား ပြောင်မြောက်သော ခုခံတိုက်ခိုက်နိုင်စွမ်းဖြင့် ပြိုင်ဖက်များအား အလဲထိုးနိုင်သည့် ကစားသမားတစ်ဦးအဖြစ် ရပ်တည်မှု ခိုင်မာလာခဲ့သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းများအား One-Night နှင့် Eight-man Tournament များတွင် အစွမ်းကုန် အသုံးချခြင်းအားဖြင့် A1WCC World Champion တစ်ဦးဖြစ်လာရန် ကြိုးပမ်းသူတစ်ဦးလည်းဖြစ်သည်။ ရည်မှန်းချက် ပန်းတိုင် လျှောက်လှမ်းစပြုနေသော လူငယ်တစ်ဦးဖြစ်သည့် El Bouni သည် သူ့အတွက် ကြီးမားသော အောင်မြင်မှုများ ဆက်လက်သိမ်းပိုက်ရန်ရှိသေးကြောင်းနှင့် One Super Series ၏ Heavier Weight Classes တွင် လွှမ်းမိုးသွားနိုင်ရန် ရည်ရွယ်ချက်ရှိကြောင်း ယုံကြည်မှုအပြည့်ဖြင့် ပြောကြားခဲ့သည်။ Tarik Khbabez အား ပြန်လည်စိန်ခေါ်ရန်အတွက် ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။

Tarik Khbabez သည် နယ်သာလန်မှ Kickboxer သမားတယောက်ဖြစ်ပြီး နိုင်ငံအတွင်းရှိနာမည်ကြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားများထဲတွင် တစ်ယောက်အပါအ၀င်လည်းဖြစ်ပါသည်။ Arj Trainingen Gym တွင် လေ့ကျင့်ခံ ရပြီး ပရော်ဖက်ရှင် Kickboxing သမားအဖြစ် မှတ်တမ်း ၄၃-၅-၁ ဖြင့် မှတ်တမ်းဝင်ရောက်ခဲ့ပြီး ဟဲဗီးဝိတ် Superkombat ကမ္ဘာ့ချန်ပီယံအဖြစ် ၂ ကြိမ်ရရှိခဲ့သူလည်း ဖြစ်ပါသည်။ အသက်၂၆နှစ်ရှိပြီဖြစ်သော Trarik သည် ပထမပွဲဦးထွက်အဖြစ် ONE Super Series တွင် အောင်မြင်မှုရရှိပြီးနောက် ယခုအခါ ကြိုးဝိုင်းတွင်းတွင် Ibrahim El Bouni နှင့် ယှဉ်ပြိုင် တိုက်ခိုက်မည်ဖြစ်ပါသည်။

Florida ပြည်နယ် Miami တွင် မွေးဖွားသော SFC ဘန်တန်ဝိတ်တန်း ချန်ပီယံဖြစ်သူ Emilio “The Honey Badger” Urrutia သည် ဘရာဇီးလီးယမ် ဂျူဂျစ်ဆုတွင် ခရမ်းရောင်ခါးပတ်ရရှိထားကာ အောင်မြင်သောကိုယ်ခံပညာ သိုင်းပေါင်းစုံ ၀ါသနာရှင်အဆင့် ကစားသမားလည်းဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်တွင် ပထမဆုံးပွဲဦးထွက် ပြိုင်ပွဲအတွက် လေ့ကျင့်ရန် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး အာရှသူနှင့် မေတ္တာမျှကာ အပြီးတိုင်အခြေချနေထိုင်လျက်ရှိသည်။ လေးနှစ်တာ ကာလအတွင်း စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် သွားရောက်ယှဉ်ပြိုင်ထိုးသတ်မှုများ ပြုလုပ်ခြင်း ကြောင့် အချိန်တိုအတွင်းတွင် အတွေ့အကြုံများစွာရရှိထားသူလည်း ဖြစ်ပါသည်။ လက်ရှိတွင် Urrutia သည် ဝမ်းချန်ပီယံရှစ် ဖယ်သာဝိတ်တန်းတွင် အကောင်းဆုံးသော ကစားသမားများအနက်မှ တစ်ယောက်ဖြစ်ပြီး ယခုလာမည့် ပွဲစဉ်တွင် Kazuki Tokudome နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံ တိုကျိုတွင်နေထိုင်ကာ ဂျပန်နွယ်ဖွား Kazuki Tokudome သည် Pancrase လိုက်ဝိတ်ချန်ပီယံ တစ်ယောက် ဖြစ်ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားတစ်ယောက်လည်းဖြစ်ပါသည်။ Paraestra Hachioji တွင် လေ့ကျင့်ပေးခံခဲ့ ရပြီး မှတ်တမ်း ၁၈-၉-၁ ရှိသော ဂျပန်နိုင်ငံ၏ အောင်မြင်သော ဖယ်သာဝိတ်တန်း ကစားသမားများအနက်မှ တစ်ဦးလည်း ဖြစ်ပါသည်။ ကိုယ်ခံပညာသိုင်းပေါင်းနယ်ပယ်များတွင် အတွေ့အကြုံများစွာရှိပြီး ဂျူဒို၊ ဂျူဂျစ်ဆု၊ Kickboxing စသော တိုက်ကွက်များဖြင့် ကောင်းမွန်စွာတိုက်ခိုက်နိုင်သည်။ Tokudome သည် ကိုးပွဲကို အလဲထိုးသတ်မှု အနိုင်ရရှိခဲ့ပြီး သုံးပွဲကို ချုပ်ကွက်ဖြင့် အနိုင်ရရှိခဲ့သူဖြစ်သည်။ The One Championship သို့ ပြန်လည်ဝင်ရောက်ကာ Emilio Urrutia နှင့် ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်သည်။

တရုတ်နွယ်ဖွား Han Zi Hao သည် ထိုင်းရိုးရာမွေထိုင်းကစားနည်းကို လေ့ကျင့်သင်ကြားသူဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေချနေထိုင်သူဖြစ်ပါသည်။ အသက်၂၃နှစ်သာရှိသေးသော်လည်း မွေ့ထိုင်းမှတ်တမ်းတွင် ၅၈-၁၅ တင်ပြခြင်းခံထားရသော လေးစားအတုယူဖွယ်ကောင်းသော မွေထိုင်းပညာရှင်တစ်ယောက်လည်း ဖြစ်ပါသည်။ Mad Muay Thai Gym ကိုယ်စားလှယ်ဖြစ်သော Han သည် ကြီးကျယ်ခမ်းနားသော နိုင်ငံတကာပြိုင်ပွဲဝင်စင်မြင့်တွင် သူ၏ အံ့မခန်းစွမ်းရည်များပြသရန် ဆန္ဒရှိနေပြီး ONE Super Series တွင် ပါဝင်ထိုးသတ်မည်ဖြစ်သည်။ ယခုထိုးသတ်ရမည့် ပွဲစဉ်သည် Han အတွက်အနည်းငယ်ခက်ခဲဟန်ရှိသော်လည်း ဆုံးဖြတ်ချက်ပြင်းထန်သည့် တရုတ်ကစားသမား ဖြစ်သော Han သည်ONE Super Series Kickboxing contest တွင် Ryan Jakiri နှင့် ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်ပါသည်။

Zamboango မြို့ ဖိလစ်ပိုင်နိုင်ငံတွင် နေထိုင်သော ၂၆နှစ်အရွယ် Jakiri “The Filipino Assassin” အဖြစ်ထင်ရှားပြီး Kickboxer ပြိုင်ပွဲမှတ်တမ်းတွင် ၉-၃ ဖြင့်မှတ်တမ်းတင်ထားခြင်းခံရသော ပြိုင်ပွဲဝင်တယောက်ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံ မွေထိုင်းအဖွဲ့ချုပ် ကိုယ်စားပြုသူဖြစ်သော Jakiri သည် သူ၏ တွက်ချက်ချိန်ဆပြီး ကြောက်စရာကောင်းသော တိုက်ကွက်များကြောင့် လူသိများကာ နိုင်ငံတကာမှ ပရိသတ်များ၏ စိတ်ဝင်စား အားပေးခံရသူလည်း ဖြစ်ပါသည်။ နိုင်ငံလုံးဆိုင်ရာမွေထိုင်းပြိုင်ပွဲတွင် ၆ ကြိမ်တိုင် ချန်ပီယံအဖြစ် ရရှိထားကာ ယခုအခါတွင် ONE Super Series သို့ ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး တိုက်ခိုက်ရေးသမားများစာရင်းတွင် ဖော်ပြခံရရန် ဆန္ဒပြင်းပြနေသူလည်း ဖြစ်ပါသည်။ ၄င်း၏ ပွဲဦးထွက်ပွဲတွင် Han Zi Hao နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ပါသည်။

ONE စတရော်ဝိတ်ကမ္ဘာ့ချန်ပီယံ တစ်ဦးဖြစ်ခဲ့သူ Dejdamrong Sor Amnuaysirichoke သည် Lumpinee Stadium Muay Thai world champion အဖြစ် သုံးကြိမ်ရပ်တည်ခဲ့ပြီး ကမ္ဘာ့မွေထိုင်းမှတ်တမ်းတွင် ၂၈၂-၆၅-၃ အဖြစ် ဖော်ပြခံရထားရသူ ဖြစ်ပြီး ဝမ်းချန်ပီယံရှစ်မှ ပြုလုပ်သောကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲတွင် ၈-၄ ဖြင့် ပရော်ဖက်ရှင်နယ် သိုင်းပေါင်းစုံ ပညာရှင်အဖြစ်ဖော်ပြထားခြင်းခံရသည်။ သူ၏ လျင်မြန်သောထိုးနှက်ချက်များ၊ အလင်းကဲ့သို့ မြန်ဆန်သော ကန်ချက်များ ကြောင့် နည်းစနစ်ကျသော တိုက်ခိုက်ရေးသမားအဖြစ် လူသိများပြီး တိုက်ကွက်အသစ်များ၊ အတုမရှိသော တိုက်ကွက် များဖြင့် ကစားသည့် ထင်ရှားသော ကစားသမားတစ်ဦးလည်းဖြစ်သည်။ Dejdamrong သည် နှစ်ပေါင်း၂၅ နှစ်ကျော် တိုက်ခိုက်ရေးအတွေ့အကြုံများနှင့် ဝါရင့်ကစားသမားတစ်ဦးလည်းဖြစ်သည်။ ယခုအခါတွင် ထိုင်းနိုင်ငံမှ သူရဲကောင်းသည် Himanshu Kaushik နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ပါသည်။

အိန္ဒိယ၏ ဘန်တန်ဝိတ်တန်း ကစားသမား Himanshu Kaushik သည် ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရှင်ဖြစ်ကာ
မှတ်တမ်း ၄-၂ တင်ပြခြင်းခံထားရသော ကစားသမားတစ်ယောက်ဖြစ်ပါသည်။ အသက်၂၆ နှစ်အရွယ်ရှိပြီဖြစ်သော ဒေလီမြို့ ၀ူရှူးအသင်းကိုယ်စားပြု Kaushik သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသောကစားသမားများထဲမှ တစ်ဦးအဖြစ် သက်သေပြနိုင်ရန် ဝမ်းချန်ပီယံရှစ်သို့ ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလတွင် စတင်ဝင်ရောက်ခဲ့သည်။ Kaushik သည် သူ၏ မွေးရပ်မြေဖြစ်သော အိန္ဒိယတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးသော်လည်း အိန္ဒိယအမျိုသားဝူရှူးအသင်းအဖွဲ့အနေဖြင့် ၄င်းသည် ရွှေတံဆိပ်ရယူရန် အခွင့်ကောင်းကြုံကြိုက်ပြီဟု ယုံကြည်နေကြသည်။ Kaushiik ၏ ၀ူရှူးမှတ်တမ်းအနေဖြင့် ၇၁-၁ အဖြစ် တင်ပြခြင်းခံထားရသူဖြစ်ပြီး ၄င်း၏ လျှပ်စီးကဲ့သို့ လျင်မြန်သောတိုက်ကွက်များဖြင့် ပြိုင်ဘက်ဖြစ်လာမည့် Dejdamrong Sor Amnuaysirichoke ကို အကောင်းဆုံးယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

ပွဲစဉ်ပေါင်း၇၀ကျော် ယှဉ်ပြိုင်ပြီးပြီဖြစ်သော ကိုယ်ခံပညာသိုင်းပေါင်းစုံတိုက်ခိုက်ရေးသမား Luis Santos သည် သူ၏ ပွဲဦးထွက်ခြေလှမ်းကို ၂၀၀၀ ပြည့်နှစ်တွင် Eight-man Open Weight Tournament တွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အခြားသော ကစားသမားများသည် ၄င်းထက် ၁၀၀ ကီလိုဂရမ်ထက် ပိုမိုသော်လည်း Sapo သည် ပြိုင်ဘက် ၃ ဦးအား ပွဲစဉ် အစတွင်ပင် အနိုင်ယူခဲ့သောကြောင့် ယင်း၏ ကစားသမားသက်တမ်း တစ်လျောက်တွင် ကောင်းမွန်သောခြေလှမ်းဖြင့် စတင်နိုင်ခဲ့သည်။ Santos သည် ဂျူဒိုခါးပတ်အနက်ပိုင်ရှင်ဖြစ်သည့်အပြင် ဘရာဇီးလီးယမ်ဂျူဂျစ်ဆု တွင်လည်း ခါးပတ်အနက် အဆင့်ရှိသူဖြစ်ပြီး သူ၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများကြောင့် လူသိများပါသည်။ သူ၏ အံ့မခန်း တိုက်ကွက်များကြောင့် Santos ၏ နိုင်ပွဲတစ်ဝက်ကျော်သည် အလဲထိုးတိုက်ကွက်များဖြင့် အပြီးသတ်အနိုင် ရရှိခဲ့ခြင်းဖြစ်ပါသည်။ ၄င်းသည် ပြိုင်ဘက်အားကစားသမားတိုင်းကို အံ့မခန်းထိုးကွက်များဖြင့် ထိုးသတ်နိုင်ခြင်းကြောင့် ဝမ်းချန်ပီယံရှစ် Welterweight တန်း ပြိုင်ပွဲတွင် အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခြင်း ခံထားရသူဖြစ်ပြီး ယခုအခါတွင် Daichi Abe နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အသက် ၂၆ အရွယ်ရှိ Daichi Abe သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် နေထိုင်သော ကိုယ်ခံပညာသိုင်းပေါင်းစုံဖြင့် အသက် မွေးသည့် Kickboxer သမား တယောက်ဖြစ်သည်။ ထိုးပွဲ ၁၀ပွဲတွင် တစ်ပွဲသာ ရှုံးနိမ့်ထားသောမှတ်တမ်းရှိပြီး သူ၏ ထောင့် အမျိုးမျိုးမှ လျင်မြန်သောတိုက်ခိုက်မှု၊ ထိုးနှက်မှုကြောင့်လူသိများသော Boxer သမားတစ်ယောက်လည်းဖြစ်ပါသည်။
Pancrase Welterweight ချန်ပီယံဟောင်းတစ်ယောက်ဖြစ်ပြီး ဝမ်းချန်ပီယံရှစ် ဝယ်လ်တာဝိတ်တန်းသို့ ဝင်ရောက်ချိန်တွင် ပြိုင်ပွဲမှတ်တမ်း ၆-၂ စတင်ဝင်ရောက်ခဲ့သည်။ ၄င်း၏ ပွဲဦးထွက်အနေဖြင့် အန္တရာယ်ရှိသော Luis Santos နှင့် ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ၀ါရင့်လက်ဝှေ့ကြယ်ပွင့်နှင့် တိုက်ခိုက်ရေးပညာရှင် ရဲသွေးနီမှာ ပထမဆုံးပွဲဦးထွက်အနေဖြင့် ၂၀၁၆ တွင် စတင်ဝင်ရောက်ခဲ့ပြီး နိုင်ပွဲ ၃ ပွဲ ရှုံးပွဲ တစ်ပွဲဖြင့် ဝမ်းချန်ပီယံရှစ်တွင် စတင်လျောက်လှမ်းခဲ့ပါတယ်။ ရဲသွေးနီမှာ မှတ်တမ်း ၄၂-၁-၃၃ ဖြင့် ပရော်ဖက်ရှင်နယ် ကြယ်ပွင့်တစ်ယောက်အဖြစ်လူသိများပြီး ရွှေခါးပတ်၂ခု ရရှိထားသူတစ်ယောက်ဖြစ်သည်။ သန်မာပြီး ဖျက်လတ်သော တိုက်ခိုက်သမားအဖြစ်လည်း လူသိများသည်။ ရဲသွေးနီသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားတစ်ဦးဖြစ်သည်နှင့်အညီ ၄င်းသည်ကောင်းမွန်သော တိုက်ခိုက်ရေးသမားကောင်းတယောက်ဖြစ်သည်ကို သက်သေပြနိုင် ရန်ဆုံးဖြတ်ထားသည်။ ယခုအခါတွင် မြန်မာနိုင်ငံသား ကစားသမားဖြစ်သူ့မိုက်ရိုင်းနှင့် ယှဉ်ပြိုင်ထိုးသတ် သွားမည်ဖြစ်သည်။

ကရင်ပြည်နယ်ဖွား အသက်၂၈နှစ်ရှိပီဖြစ်သော မိုက်ရိုင်းမှာ လက်ရှိနိုင်ပွဲတစ်ပွဲ ရှုံးပွဲမရှိဖြင့် ရပ်တည်နေသော ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ယောက်ဖြစ်ပါသည်။ မိုက်ရိုင်းသည် ရွှေခါးပတ်၂ခုနှင့် မှတ်တမ်းတင်ခြင်းခံထားရပြီး လက်ဝှေ့ပြိုင်ပွဲဝင်မှတ်တမ်း ၃၅-၈-၁၅ ရလဒ်ကောင်း ပိုင်ဆိုင်ထားသူ တစ်ယောက်လည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်တွင် အောင်မြင်သော ကစားသမားအဖြစ် အသက်မွေးပြီးနောက် ပထမဆုံးပွဲဦးထွက်အနေဖြင့် ဇွန်လတွင် ကျင်းပခဲ့သည့် ONE:SPIRIT OF A WARROR တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး စောဒါဝိတ်ကို တစ်ချီထဲနှင့် အလဲထိုးအနိုင်ရရှိခဲ့သည်။ လာမည့်ပွဲစဉ်ဇယားအရ ရဲသွေးနီနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဖြစ်သည်။

တရုတ်နိုင်ငံ ရှိအမ်ပြည်နယ်မှ အသက်၂၇နှစ်အရွယ်ရှိပြီဖြစ်သော Tank Ma Xu Dong သည် Sanda ဟုခေါ်သော တိုက်ခိုက်မှုအတတ်ပညာတွင် ကျွမ်းကျင်သောသူဖြစ်ပြီး ပရော်ဖက်ရှင်နယ် သိုင်းပေါင်းစုံကစားသမားလည်းဖြစ်ပါတယ်။ သူ၏ လှပသောတိုက်ခိုက်မှုများ နပမ်းချုပ်ကစားခြင်းတိကြောင့် နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲမှတ်တမ်းအနေနှင့် ၅-၂ ရှိပြီး ဝမ်းချန်ပီယံရှစ်၏ ဖယ်သာဝိတ်တန်းတွင် အလားအလာရှိသူတစ်ယောက်ဖြစ်ပါသည်။ မကြာသေးခင်ကပင်
Ma သည် Zhao Zhi Kang ကို အချိန်တိုအတွင်း အနိုင်ယူခဲ့ပြီး လာမယ့်ပွဲစဉ်ဇယားအရ Ahmad Qais Jasoor နှင့် ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ် “Lycan” Ahmad Qais Jasoor သည် ကဘူမြို့ အာဖဂန်နစ္စတန်မှ ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားဖြစ်ပြီး ပြိုင်ပွဲမှတ်တမ်း ၄-၁ တင်ထားသူဖြစ်သည်။ HFC ဘန်တန်ဝိတ်ချန်ပီယံဟောင်း Jasoor သည် အခြားသော ကစားနည်းများထဲမှ Sambo တိုက်ခိုက်နည်းနှင့် လက်ဝှေ့နည်းစဉ်များကို ပေါင်းစည်းလေ့ကျင့်ထားသူ ဖြစ်သည်။ ၄င်းသည် ပြီးခဲ့သော ဇွန်လတွင် ဝမ်းချန်ပီယံရှစ်နှင့် လက်တွဲခဲ့ပြီး တရုတ်ပြည်မှ ကစားသမား Chen Li ကို ရှုံးနိမ့်ခဲ့သည်။ ယခုလက်ရှိတွင် Ma Xu Dong နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဝမ်းချန်ပီယံရှစ်တွင် ၄င်း၏ ပထမဆုံးအောင်မြင်မှုကို ပြသနိုင်ရန် အားထားလျက်ရှိသည်။

အသက် ၂၇ နှစ်အရွယ် Joseph “The Hurricane” Lasiri သည် မီလန်မြို့ အီတလီနိုင်ငံတွင် မွေထိုင်းပညာကို ကျွမ်းကျင် ပြောင်မြောက်စွာ ပြသနိုင်ခဲ့ခြင်းကြောင့် ဥရောပတစ်ခွင်ရှိ နာမည်အကြီးဆုံး လက်ဝှေ့ကစားသမားများအမည်စာရင်းတွင် တစ်ယောက်အပါအဝင်ဖြစ်လာခဲ့သည်။ Diego Calzolari ၏ သင်ပြမှုကြော့င် ဘန်ကောက်မြို့ရှိ နာမည်ကြီး Rajadamnern Stadium တွင် ကျင်းပသောပွဲတွင် ပထမဦးဆုံး အနိုင်ရရှိသော အီတလီနိုင်ငံသား ဖြစ်လာခဲ့သည်။ Lasiri သည် ၄င်း၏ ကစားသမား သက်တမ်းတစ်လျှောက်လုံးတွင် WBA စူပါဘန်တန်ဝိတ်နှင့် ကြားဖြတ် WBC စူပါဘန်တန်ဝိတ် ကမ္ဘာ့မွေထိုင်း ချန်ပီယံဆုတို့ကိုရရှိထားပြီးဖြစ်သည်။ Lasiri သည် ၄င်း၏ ONE Super Series ပွဲဦးထွက်ကို Sam-A Gaiyanhadao နှင့် အတူ ဝမ်းချန်ပီယံရှစ်ကြိုးဝိုင်းတွင် ပထမဦးဆုံး မွေထိုင်းကစားနည်းကို ယှဉ်ပြိုင်ထိုးသတ်ပြပြီး သမိုင်းဝင်တွဲဆိုင်းအဖြစ် မှတ်တမ်းတင်ခဲ့သည်။ နောက်လာမည့် ပွဲတွင်လည်း Josh Tonna ကို အနိုင်ယူပြီး အောက်ပွဲခံမည် ဖြစ်သည်။

အသက် ၃၀ နှစ်အရွယ် မွေထိုင်းနှင့် လက်ဝှေ့ ကစားသမား Josh timebomb Tonna သည် ONE Super Series အား ပွဲဦးထွက်အဖြစ် ပါဝင်ကစားသွားမည် ဖြစ်ပါသည်။ သြစတျေးလျနိုင်ငံ၊ ကန်ဘာရာမြို့ရှိ Stokade Training Centre အား ကိုယ်စားပြုယှဉ်ပြိုင်မည့် Tonna သည် မွေထိုင်းအားကစား မှတ်တမ်း ၃၁-၁၆-၀ အရ WMC နိုင်ငံတကာမွေထိုင်း ချန်ပီယံ အဖြစ် ရပ်တည်လျက်ရှိသည်။ Tonna မှ နာမည်ကြီး နိုင်ငံတကာ ပြိုင်ပွဲတစ်ခုဖြစ်သော ONE Championship ၏ One Super Series လက်ဝှေ့ ပြိုင်ပွဲကို Joseph Lasiri နှင့် ယှဉ်ပြိုင်ထိုးသတ်ကာ ပွဲဦးထွက်ကစားမည်ဖြစ်သည်။

အသက် ၃၃ နှစ် Ruby “The Golden Boy” Agustian သည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမား မှတ်တမ်း ၄-၂ ရရှိ ထားပါသည်။ တန်ဂါရန်၊ အင်ဒိုနီးရှားမှ ရောက်ရှိလာသော Agustian သည် မွေထိုင်းတွင် ကျွမ်းကျင်သည့်အပြင် အင်ဒိုနီးရှား အမျိုးသား ဖလိုင်းဝိတ် ချန်ပီယံပောာင်းတစ်ယောက်လည်းဖြစ်ပါသည်။ ONE Championship ၏ ဖလိုင်းဝိတ်တန်းတွင် ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Asraful Islam နှင့် အတူ ပထမဦးဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှ အသက် ၂၂ နှစ်အရွယ် ဘန်တန်ဝိတ် ပြိုင်ပွဲဝင် Asraful “Warrior” Islam သည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမား မှတ်တမ်း ၂-၁ ရရှိထားသူ ဖြစ်ပါသည်။ Bruce Lee ၏ ကိုယ်ခံပညာသိုင်းပညာမှ ဆင်းသက်လာသော ဂျစ်ကွမ်ဒို အားကစားသမားတစ်ယောက်ဖြစ်ပြီး ကျွမ်းကျင် လက်ဝှေ့ကစားသမား မှတ်တမ်း ၁၁-၃ ရရှိ ထားပြီး ဖြစ်ပါသည်။ Warriors Academy of MMA ကို ကိုယ်စားပြုသည့် Islam သည် နိုင်ငံအဆင့်လက်ဝှေ့နှင့် ဝူရှူးချန်ပီယံဟောင်းတစ်ယောက်ဖြစ်သည့်အပြင် UFI ဘန်တန်ဝိတ်ချန်ပီယံဟောင်းတစ်ယောက်လည်း ဖြစ်ပါသည်။ အမျိုးမျိုးသော ကစားနည်းလမ်းများစွာကို ကျွမ်းကျင်ထားသည့် အဘက်ဘက်မှ ပြည့်စုံသော Islam သည့် Rudy Agustian နှင့် ယှဉ်ပြိုင်ထိုးသတ်ရာတွင် ၄င်း၏ ကိုယ်ရည်သွေးကို အစွမ်းကုန် ပြသသွားမည် ဖြစ်ပါသည်။

ONE: PURSUIT OF GREATNESS
သောကြာနေ့၊ အောက်တိုဘာလ ၂၆ ရက်
သုဝဏ မိုးလုံလေလုံအားကစားကွင်း၊ ရန်ကုန်၊ မြန်မာ။

အဓိကတွဲဆိုင်းများ

ဝမ်းမစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံရှစ်
အောင်လအန်ဆန် (C) နှင့် မိုဟာမတ်ကရာကီ
ကိုယ်ခံပညာသိုင်းပေါင်းစုံ: ၉၃ ကီလိုဂရမ်

Rafael Nunes နှင့် Movlid Khaibulaev
ကိုယ်ခံပညာသိုင်းပေါင်းစုံ: ၇၀.၃ ကီလိုဂရမ်

ဖိုးသော် နှင့် Keanu Subba
ကိုယ်ခံပညာသိုင်းပေါင်းစုံ: ၇၀.၃ ကီလိုဂရမ်

Ibrahim El Bouni နှင့် Tarik Khbabez
ONE Super Series Kickboxing: ၁၀၂.၁ ကီလိုဂရမ်

Emilio Urrutia နှင့် Kazuki Tokudome
ကိုယ်ခံပညာသိုင်းပေါင်းစုံ: ၇၀.၃ ကီလိုဂရမ်

Han Zi Hao နှင့် Ryan Jakiri
ONE Super Series Kickboxing: ၆၅.၈ ကီလိုဂရမ်

Dejdamrong Sor Amnuaysirichoke နှင့် Himanshu Kaushik
ကိုယ်ခံပညာသိုင်းပေါင်းစုံ: ၅၆.၇ ကီလိုဂရမ်

Luis Santos နှင့် Daichi Abe
ကိုယ်ခံပညာသိုင်းပေါင်းစုံ: ၈၃.၉ ကီလိုဂရမ်

ရဲသွေးနီ vs မိုက်ရိုင်း
ကိုယ်ခံပညာသိုင်းပေါင်းစုံ: ၅၆.၇ ကီလိုဂရမ်

Ma Xu Dong နှင့် Ahmad Qais Jasoor
ကိုယ်ခံပညာသိုင်းပေါင်းစုံ: ၆၅.၈ ကီလိုဂရမ်

Joseph Lasiri နှင့် Josh Tonna
ONE Super Series Kickboxing: ၆၁.၂ ကီလိုဂရမ်

Rudy Agustian နှင့် Asraful Islam
ကိုယ်ခံပညာသိုင်းပေါင်းစုံ: ၆၁.၂ ကီလိုဂရမ်

 

ဝမ်းချန်ပီယံရှစ် (ONE Championship) နှင့်စပ်လျဉ်း၍ နောက်ဆုံးရသတင်းများကို သိရှိရန် www.amazingyangon.com သို့ ဝင်ရောက်ကြည့်ရှုနိုင်သည့်အပြင်https://www.facebook.com/amazingyangon/ ကိုလည်း like လုပ်ထားနိုင်ပါသည်။

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *

WordPress spam blocked by CleanTalk.