အောင်လအန်ဆန် Vs ခရာခီတို့ ယှဉ်ပြိုင်ကြမယ့် ONE Championship Pursuit of Greatness ပွဲမတိုင်ခင် မိတ်ဆက်သော အနေဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့၊ နေ့လယ် ၃ နာရီမှာ စတင်ကာ Junction City ရဲ့ Promotion Area မှာ အောင်လအန်ဆန် နဲ့ သူ့ ပြိုင်ဘက်ရယ်၊ ဖိုးသော် နဲ့ သူ့ပြိုင်ဘက်တွေကို ပရိသတ်များ နှင့် မီဒီယာများ ရှေ့မှောက် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာစပါးအုံး အောင်လအန်ဆန် နဲ့ ဖိုးသော်တို့ဟာ သူတို့ရဲ့ ဟန်ရေးပြကစားကွက်တွေကိုလည်း ပြသသွားမှာဖြစ်ပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပမှာဖြစ်ပြီး မြန်မာစပါးအုံး အောင်လအန်ဆန်ဟာ သူ့ရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာကွယ်သွားမှာ ဖြစ်ပါတယ်။

မိတ်ဆွေ သူငယ်ချင်းများအနေနဲ့ မြန်မာစပါးအုံး အောင်လအန်ဆန် နဲ့ ဖိုးသော်တို့ရဲ့ ဟန်ရေးပြကစားကွက်တွေကို တွေ့မြင်နိုင်မှာဖြစ်လို့ လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

အောင်လအန်ဆန် ဖိုးသော်တို့ကိုတွေ့ဆုံဖို့ အတွက် အောက်တိုဘာလ ၂၄ ရက်နေ့၊ ၂၀၁၈ (ဗုဒ္ဓဟူးနေ့) နေ့လယ် ၃ နာရီ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရာလမ်းထောင့်ရှိ Junction City ရဲ့ Promotion Area မှာ တွေ့ဆုံကြဖို့ မျှော်လင့်ပါတယ်။

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *