လာမည့်သောကြာနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းကြီးတွင် ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီးကို ကျင်းပသွားမည်ဖြစ်ကာ မြန်မာ့ဂုဏ်ဆောင်ဖြစ်သူ ONE ဝိတ်တန်းနှစ်ခုတွင် ကမ္ဘာ့ချန်ပီယံ “မြန်မာ့စပါးအုံး” အောင်လအန်ဆန်သည် စိန်ခေါ်သူလက်ဘနွန်နိုင်ငံသား Mohammad “O Lutador” Karaki ကို ရင်ဆိုင်ကာ သူ၏ မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်သွားမည်ဖြစ်သည်။ ပြည်တွင်းနှင့် နိုင်ငံတကာ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားကောင်းများက အကောင်းဆုံးစွမ်းရည်ပြယှဉ်ပြိုင်မည့်ပွဲစဉ်များထဲတွင် အခြားစိတ်ဝင်စားဖွယ်ကောင်းသော တွဲဆိုင်းများလည်းပါဝင်သည်။

အောင်လအန်ဆန်းသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အအောင်မြင်ဆုံး ကစားသမားတစ်ဦးဖြစ်ပြီး သူ၏ အထင်ကရ ချုပ်ကွက်ဖြင့် “မြန်မာ့ စပါးအုံးမြွေ” ဟူ၍အမည်တွင်ခဲ့သူ ဖြစ်သည်။ တောင်တန်းထူ ထပ်သော ကချင်ပြည်နယ်ရှိ မြစ်ကြီးနားတွင် မွေးဖွားခဲ့ပြီး ကချင်လူမျိုးအဖြစ် မွေးဖွားကြီးပြင်းလာ ခဲ့သည်။ အောင်လအန်ဆန်း သည် ၂၀၁၇ ခုနှစ် ဇွန်လ တွင် Vitaly Bigdash အား အကဲဖြတ်ဒိုင်လူကြီးများဆုံးဖြတ်ချက်ဖြင့် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တစ်ဦးအဖြစ်ရပ်တည်လာခဲ့ပါသည်။ ဖေဖော်ဝါရီ ၂၀၁၈ တွင် ဘရာဇီး နိုင်ငံသား Alexandre Machado အား အနိုင်ယူခဲ့ရာမှ ဝမ်းလိုက် ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ အဖြစ် ထပ်မံသရဖူဆောင်းခဲ့ပါသည်။ ယခုအခါတွင် အသက်၃၃နှစ် အရွယ်ရှိပြီဖြစ်သော အောင်လအန်ဆန်း သည် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာကွယ်ရန် မိုဟာမတ် ကရာကီနှင် ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်ပါသည်။

လက်ဘနွန် နိုင်ငံသား ဖြစ်သူ ကိုယ်ခံပညာမျိုးစုံ ထူးချွန်ကစားသမား Mohammad “O Lutador” Karaki သည် အသက် ၂၇ နှစ်ရှိသော အလယ်တန်းဝိတ် ကစားသမားဖြစ်ပြီး အစွန်းအထင်းမရှိပဲ ပွဲရလာဒ်ကို ၉-၀ အထိ မှတ်တမ်းထိန်းနိုင်သူတစ်ဦးဖြစ်သည်။ အလယ်တန်းဝိတ် ချန်ပီယံ ဖီးနစ်ငှက် ဟု တင်စား ခေါ်ဝေါ်ခြင်းခံရသော Karaki သည် အရှေ့အလယ်ပိုင်း ဒေသ၏ အထူးချွန်ဆုံး ကစားသမားများတွင် တစ်ဦး အပါအဝင်ဖြစ်သည်။ သူ၏ ၉ ပွဲဆက် အောင်မြင်မှုများတွင် နောက်ဆုံး ခေါင်းလောင်းတီးခဲ့ရသည်အထိ တစ်ကြိမ်သာ ကြာမြင့်ခဲ့ဖူးသည်။ ငါးကြိမ် ချုပ်ကစားခြင်းနှင့် ၃ ကြိမ် အလဲထိုး အပြီးသတ်နိုင်သည့် ကစားကွက်များကြောင့် Karaki သည် ONE အလယ်တန်းဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်အတွက် “မြန်မာ့စပါးအုံး” အောင်လအန်ဆန်း နှင့် တွေ့ဆုံသောအခါ အစွမ်းကုန် ကြိုးစားကာ အလဲထိုးသတ်မည်ဟု မျှော်လင့်ဖွယ်ရှိသော ကြောက်ရွံ့စရာ ကစားသမားတစ်ဦးဖြစ်သည်။

ယခုပွဲစဉ်သည် အောင်လအန်ဆန်၏ နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်သည့်ပွဲ မဟုတ်ဘဲ ၂၀၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံတွင်သာ နောက်ဆုံးထိုးသတ်ခြင်းဖြစ်ပါသည်။

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *