အာရှသမိုင်းတွင် အကြီးမားဆုံးကမ္ဘာ့အားကစားပွဲများ ဦးစီးကျင်းပလျက်ရှိသည့် ဝမ်းချန်ပီယံရှစ် ONE ChampionshipTM (ONE) သည် ကမ္ဘာ့အဆင့်မီ ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲများဖြင့် ရန်ကုန်မြို့ကြီးသို့ တဖန်ရောက်ရှိလာသည်။ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်ခဲ့သည် ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီးတွင် စိတ်ဝင်စားဖွယ်ရာတွဲဆိုင်းများစွာကို တင်ဆက်ပေးခဲ့ကာ အားကစားရုံကြီးတစ်ခုလုံးတွင် ပြည့်နှက်နေသည့် ပရိတ်သတ်များအတွက် စိတ်လှုပ်ရှားမှုများ ပေးစွမ်းခဲ့သည်။ အများက မျှော်လင့်စောင့်စားနေခဲ့ကြသည့် အဓိကပွဲစဉ်ကြီးဖြစ်သော ချန်ပီယံကာကွယ်ပွဲကြီးတွင် ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်သည် လက်ဘနွန်နိုင်ငံသား စိန်ခေါ်သူ Mohammad Karaki ကို အလဲထိုးကာ ၎င်း၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်သွားနိုင်ခဲ့သည်။

PURSUIT OF GREATNESS ပြိုင်ပွဲကြီး၏ အဓိကပွဲစဉ်ကြီးတွင် မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် လက်ဘနွန်နိုင်ငံသား ပြိုင်ဘက်ကောင်းတစ်ဦးဖြစ်သော Mohammad Karaki ကို ပထမအချီတွင်ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရယူကာ ၎င်း၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်သွားနိုင်ခဲ့သည်။ ပထမအချီအစပိုင်းကတည်းကပင် အောင်လအန်ဆန်သည် ပြိုင်ဘက်အပေါ် လက်သီးချက်များ ဆက်တိုက်ထိုးသွင်းနေနိုင်ခဲ့ကာ ပြိုင်ဘက်၏ မြေပြင်ပေါ်လှဲချတိုက်ခိုက်ကွက်ကို ကာကွယ်ထားနိုင်ခဲ့သည်။ Karaki သည် လက်ဆမှန်ကန်သော အောင်လ၏ ပင့်လက်သီးချက်များကို ကြာရှည်ခံနိုင်ရည်မရှိဖြစ်ခဲ့သဖြင့် ဒိုင်လူကြီးက ပြိုင်ပွဲကို ရပ်နားခဲ့ရပြီး မြန်မာ့ဂုဏ်ဆောင်သူရဲကောင်း အောင်လအန်ဆန်ကို အနိုင်ပေးခဲ့သည်။

ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်အန်ဆန်က “ဒါက အစပဲရှိပါသေးတယ်။ ကျွန်တော်က ဒီထက်ပိုကြိုးစားသွားမှာဖြစ်ပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ ပွဲတွေ ထပ်ပြီးယှဉ်ပြိုင်သွားမှာပါ။ မြန်မာနိုင်ငံသား သန်း ၆၀ နဲ့ အတူ ကျွန်တော် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ အတူတူကြိုးစားမယ်ဆိုရင် ဘယ်အရာကိုမဆို ရယူနိုင်ပါတယ်။”

🎸🎸🎸ရန်ကုန်ရဲ့ သက်ဝင်လှုပ်ရှားမှုတွေကို ပိုမိုသိဖို့ amazingyangon Page ကို Like & Share လုပ်ထားလိုက်ပါ။

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *