ONE Championship ရဲ့ ၁၀ပွဲမြောက် ပွဲစဉ်တစ်ခုဖြစ်တဲ့ Pursuit of Greatness ပွဲကို အောက်တိုဘာ၂၆ရက်နေ့က သုဝဏမိုးလုံလေလုံအားကစားကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာစပါးအုံးလို့ တင်စားခေါ်ဝေါ်တဲ့ ONE Championship Middleweight , Light Heavyweight ကမ္ဘာ့အဆင့်ချန်ပီယံ ရွှေခါးပတ်၂ခုပိုင်ရှင် အောင်လအန်းဆန်းဟာ ရှုံးပွဲမရှိတဲ့ စိန်ခေါ်သူ မိုဟာမတ်ခရာခီ ကို ပထမအချီ ရဲ့ ၂မိနစ်နဲ့၂၁စက္ကန့်မှာပင် အလဲထိုးပြီး အောင်ပွဲခံခဲ့ပါတယ်။

စိန်ခေါ်သူ မိုဟာမတ်ခရာခီ ဟာဆိုရင် ရှုံးပွဲမရှိသေးတဲ့အသက်၂၇နှစ်အရွယ် လူငယ်ချန်ပီယံ ပြိုင်ဖက်ကစားသမားအကျော်အမော် တစ်ဦးပဲဖြစ်ပါတယ်။ ခရာခီဟာ ချုပ်တိုက်ကွက်တွေနဲ့ အလဲထိုးအနိုင်ယူဖို့ အပြင်းထန် ကြိုးစားခဲ့ပေမယ့် အောင်လအန်ဆန်းရဲ့ လက်သီးချက်တွေကို ယှဉ်ပြိုင်အံ့တုနိုင်ခြင်းမရှိခဲ့ပါဘူး။

မြန်မာစပါးအုံး အောင်လအန်းဆန်းကတော့ သူရဲ့ ရွှေခါးပတ်ကို စိန်ခေါ်သူထံမပါအောင် ကာကွယ်နိုင်ခဲ့ရုံသာမက ရှေ့ဆက်သမိုင်းမှတ်တမ်းတွင်ကျန်ရစ်မယ့် ကမ္ဘာ့အဆင့်မှီ မြန်မာ့ချန်ပီယံအကျော်အမော်တစ်ဦးအဖြစ် ယခုပွဲစဉ်ပြီးမှ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

🎸🎸🎸ရန်ကုန်ရဲ့ သက်ဝင်လှုပ်ရှားမှုတွေကို ပိုမိုသိဖို့ amazingyangon Page ကို Like & Share လုပ်ထားလိုက်ပါ။

#Min Theingi Kyaw

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *